အဂ္ဂမင်းညို နောက်က ကောင်ငယ်လေးဟာ တရှုံ့ရှုံ့နဲ့ငို
နေသံကြားတာကြောင့် အဂ္ဂ အနောက်ကိုလှည့်ကြည့်ခဲ့မိသည် . .အခုလောက်ဆို သူခိုးတွေရန်ကလဲ နဲနဲအလှမ်းဝေးလာပြီမို့ အဂ္ဂ သူ့လက်ထဲက ကောင်ငယ်လေး လက်ကိုလွှတ်လိုက်ကာ" မောင်မင်း. . .အသင် . .မငိုနဲ့ရော့ . . အခုက စိတ်ချရ
ပြီမို့ အသင် စိုးရိမ်နေသလို ဖြစ်မှာမဟုတ်တော့ဘူး . . .အဟင့် . .ဟင့် . . .ဟင့် . . ."
သူ့ကို နွေးထွေးစွာ စကားဆိုလာတဲ့ တစ်ဖက်လူရဲ့စကားကြောင့်နွေဦး မျက်ရည်တွေကြားကနေ တွေတွေလေးငေးကြည့်နေခဲ့မိသည် . . .ထိုစဉ် . .နွေဦး ရဲ့မျက်လုံးတွေ အံ့သြသွားရတဲ့အထိ ဝိုင်းစက်လာခဲ့သည် . .
ထိုလူက . .ဘယ် . .ဘယ်လိုလုပ်ပြီးအဲ့လောက်ချောမော
ခန့်ညားနေရတာပါလိမ့် . .ဟင်အင်း . .နွေဦး မျက်လုံးစုံမှိတ်လိုက်ရင်း တဖြည်းဖြည်းပြန်ဖွင့်ကာ သူ့ရှေ့မှာရှိနေတဲ့ ထိုလူကိုပဲ မျက်စိတစ်ဆုံး ခေါင်းအစ ခြေအဆုံးကြည့်နေခဲ့မိသည် . . .
" ကျ . .ကျနော် . .ဘယ်ရောက်နေတာလဲဟင် . .
ဟမ် . .မောင်မင်း ဘယ်ရောက်နေလဲ မသိလေရော့ဘူးလား. . .
ဟုတ် . .ဟုတ် . .ကျနော် မသိဘူး . . . "
ထိုစဉ် နွေဦး တို့အနားကို လူတစ်ယောက် ရောက်လာကာချက်ချင်းဆိုသလို ဒူးထောက်ထိုင်ချရင်း ခေါင်းငုံ့ထားတာကြောင့် နွေဦး ကြောင်အမ်းအမ်းလေးဖြစ်နေခဲ့မိသည်
ဒီ . ဒီလူက ဘာလုပ်နေတာလဲ . .သူတို့ရဲ့အရှင်သခင်ကို
ခစားသလို ဒူးထောက်ထားတာကြောင့် နွေဦး လန့်သွားခဲ့မိသည် . . နွေဦး တို့ရှေ့မှာ ဒူးထောက်နေတဲ့ အဲ့လူဟာလဲ အရင်ခေတ်က အဝတ်စားတွေကို ဝတ်ဆင်ထားကြတာကြောင့် နွေဦး အံ့သြနေခဲ့မိသည် . .ငါ . .ငါ . .ရုပ်ရှင်ရိုက်ကွင်းတစ်ခုကိုများရောက်နေတာလား . .ဟင်အင်း အဲ့ဒါလဲ မဖြစ်နိုင်ဘူး . .စောစောတုံးကမှ နွေဦး အရှေ့တွင်သေကြေပျက်စီးသွားတဲ့လူတစ်စုကိုပြန်မြင်ရတော့ နွေဦးကြောက်လန့်တကြား မျက်စိပြန်မှိတ်ခဲ့မိသည်. . .
" အားလုံး အဆင်ပြေရဲ့လား . . .
ဟုတ်ကဲ့ ကိုယ်တော်လေး . .အားလုံး အဆင်ပြေသွားပါပြီ
YOU ARE READING
ဌာနီပြည်ကြီးက ဝေးသနှင့်
Fiksi Sejarahဌာနီပြည်ကြီးက ဝေးသနှင့် - Intro " သမိုင်းရှိလျှင် သမိုင်းသိရမည် " တဲ့ ကျနော်တို့ရဲ့ မြန်မာပြည် သမိုင်းမှာ အထူးထင်ရှားခဲ့တဲ့ ခေတ်ကြီး 6 ခေတ် ရှိခဲ့ဖူးသည် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ဆိုတဲ့ ခေတ်ကြီး 6 ခေတ်မှာ ကျနော်သိပ်သဘောကျခဲ့...