ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၃

518 51 2
                                    

နောက်နေ့လဲ နွေဦး မားမားတို့ကို ခွင့်တောင်းပြီး သူငယ်
ချင်းတွေနဲ့ ဆန္ဒပြထွက်ခွင့်ရခဲ့ပြန်သည် . တခါတခါ အပြင်
ထွက်ခွင့်ရဖို့အရေး အိမ်မှာလဲ နှစ်ရက်လောက် ဆန္ဒအရင်
ပြပြီးမှ ထွက်ခွင့်ရတာကြောင့် နွေဦး မနည်းကြိုးစားခဲ့ရ
သည် . . .

တခုခုဆို ဘာမှမလုပ်နိုင်တဲ့ ကျနော့်ကိုစိုးရိမ်ကြတာလဲ
မပြောနဲ့လေ ကျနော်ကိုယ်တိုင်ကလဲ တခြားသူတွေလို
အကြမ်းခံနိုင်တဲ့သူမဟုတ်တော့ အိမ်က ဂရုစိုက်မှုနဲ့ပဲ
အသားကျနေခဲ့တာလို့ပြောလို့ရပါသည် . . .

ဒီနေ့လဲ ပါးပါးရော မားမားရော မမပါ အိမ်မှာရှိနေတာ
ကြောင့် နွေဦး ကိုတစ်လှည့်စီ မှာတမ်းခြွေနေလိုက်ကြတာ
များ တစ်ရေးတောင်အိပ်လို့ရသည် . . .

အဲ့ဒီအချိန် သင်းဇော်ရဲ့ကား ခြံရှေ့ကိုမြန်မြန်ရောက်လာဖို့ကို
သာ စိတ်ထဲဆုတောင်းနေခဲ့မိသည် . . .

မကြာပါဘူး . .ခဏကြာတော့ နွေဦး ဆုတောင်းတွေပြည့်
လာခဲ့သည် . .ကားဟွန်းတီးသံကြားတာနဲ့ ပါးပါးတို့ကို
နှုတ်ဆက်ကာ လူက ခြံရှေ့ကို auto ပြေးလာခဲ့လိုက်
သည် . .မဟုတ်ရင် မိသားစု ထိပ်သီးညီလာခံ ဆုံးမသြဝါဒ
မှာတမ်းခြွေပွဲကြီးက ရပ်တန့်လိမ့်မယ်မထင်ဘူး . . .

နွေဦး ပေါ့ပါးသွက်လက်စွာ ခြံရှေ့ရောက်လာတော့ ကား
နောက်ခန်းမှာဝင်ထိုင်ရင်း ဒီနေ့လဲ ခါတိုင်းလိုပဲ သံရုံးရှေ့မှာ
ဆန္ဒပြဖို့နွေဦး တို့ကားလေး 63လမ်းဘက်က Ocean
ကိုရောက်လာခဲ့သည် . . .

နွေဦး တို့ ခါတိုင်းလိုပဲ နေရာယူပြီးတော့ သံရုံးရှေ့မှာ
တခြားလူတွေနည်းတူ board ပြားလေးတွေထောင်ရင်း
ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြသည် . . .

" ငါကတော့ ဒီတစ်သက် ဒီမိုကရေစီမှ မရရင် ယောက်ျား
မယူတော့ဘူးဟာ . .

ဘာလို့လဲ . .သင်းဇော်ရဲ့ . . 

နောက်မျိုးဆက် မချန်ခဲ့ချင်လို့လေ . .

ဟားးး . .မသိပါဘူး နင့်ကို ငါက သွေးဆုံးသွားပြီထင်နေ
တာ . "

ရွှေစင်ရဲ့စကားကြောင့် သင်းဇော် ချက်ချင်းဆိုသလိုပဲ လက်
ထဲက board ပြားက ရွှေစင် ခေါင်းပေါ် ဘုတ် ခနဲ့ရောက်ချလာခဲ့သည် . . .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now