ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၈

311 40 0
                                    

ကိုက်ထားတာတောင် နွေဦး လက်တွေကိုမလွှတ်ပေးသေးတဲ့ အဲ့လူကြီးကြောင့် ဒဏ်ရာရနေတာကို သတိရမိလို့ အားနာနာနဲ့ပဲနွေဦး ကိုက်နေရာကနေ ပြန်လွှတ်ပေးခဲ့လိုက်သည် . .ထိုစဉ် နွေဦး တို့အနားကို လူတစ်ယောက်အပြေလွှားရောက်လာတာမို့မော့ကြည့်မိတော့ ဘယ်သူလဲမှတ်တယ် မနက်က နွေဦး ကိုဓားနဲ့ရွယ်ခဲ့တဲ့ လူပဲ . . .

ဆုံစရာရှားလို့ ဒီလူတွေနဲ့ပဲ တွေ့တွေ့နိုင်လွန်းသည် . .
ရုတ်တရက် ဟိုလူကြီးဆီကနေ နာကျင်လို့အော်နေတဲ့
အသံကိုကြားမိတော့ နွေဦးရော ခဏကမှရောက်လာတဲ့လူပါ ပြာပြာသလဲနဲ့ဟိုလူကြီးနား ပိုတိုးကပ်လာခဲ့မိသည် . . အဲ့လူရဲ့ဗိုက်က ဒဏ်ရာကနေ သွေးတွေ အဆက်မပြတ်ထွက်နေတာ မြင်လို့တောင်မကောင်းဘူး . . .

ဒီတိုင်းသာ ဒဏ်ရာကို ဆက်ပစ်ထားမယ်ဆိုရင် ဒီလူ ဒုက္ခရောက်တော့မယ် . . နွေဦး အဲ့လူရဲ့လက်ကို အသာဆွဲဖယ်ကြည့်မိတော့နွေဦး ကိုစူးရဲစွာစိုက်ကြည့်လာပြန်တဲ့ဟိုလူကြီးရယ် မနက်က နွေဦးကို ဓားနဲ့ရွယ်ခဲ့တဲ့လူကပါ အတင်းကြီးမလိုလားတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လာတာကြောင့် နွေဦး ကျောတောင်ချမ်းလာခဲ့သည် . . .

နွေဦး အဲ့လူကြီးရဲ့ ဒဏ်ရာအခြေနေကိုသိရဖို့ အင်္ကျီကို အသာလှန်ကြည့်မယ်လုပ်တော့ ရုတ်တရက် လည်ပင်းနားရောက်လာပြန်တဲ့ ဓားတစ်လက်ကြောင့် နွေဦး ခန္ဓာကိုယ်လေးတောင် တုန်တက်လာခဲ့တော့သည် . . .

" အသင် ဒါဘာလုပ်တာလဲ . . .

ဘာ . .ဘာမှမလုပ်ပါဘူး . .ကျနော် ဆေးကုပေးမလို့ပါ . . .

ဟက် . . ."

နွေဦးရဲ့အပြောကို ခနဲ့စွာ ရယ်လိုက်တဲ့ ဟိုလူကြီးကို နွေဦးမကြည်ကြည့်နဲ့ ဘုကြည့်ကြည့်ရင်း မျက်စောင်းလေးမသိမသာထိုးပြခဲ့လိုက်သည် . . .

" မလိုဘူး . . .မောင်မင်းဆီကနေ ဘယ်လိုအကူညီမျိုးမှမလိုတာမို့ ဂရုမပြုပါနဲ့ . . . "

ရင့်သီးလိုက်တာ သူ့လို လူနာကို ငါက စေတနာနဲ့ကုပေးမလို့ကိုငါ့ကို ခံပြောနေသည် . ငါ့ထက်အသက်ကြီးနေလို့ပေါ့ ကလေးသာဆိုရင် ခေါင်းကို ထုပစ်လိုက်သည် . .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now