Part 1 Unicode+Zawgyi

8.2K 314 3
                                    

Unicode

Recommended Song
အပိုဆု
-​ဆောင်းဦးလှိုင် -

ဟင်း......အင်း......

ကိုယ်ကို လှည့်ကာအညောင်းဆန့်လိုက်တော့ အောက်ပိုင်းတစ်နေရာက နာကျင်မှုနှင့်အတူ စပ်ဖြင်းဖြင်းဖြစ်နေတဲ့ ကိုက်ရာများကြောင့် ကိုယ်ကိုအသာလေးပြန်ကွေးလိုက်ရသည်။ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို ထုံပြီးကိုက်ခဲနေတာကြောင့် ဒီနေ့လည်းကျောင်းကို နေ့လယ်ချိန်ပဲတက်ဖြစ်တော့မည်ပုံပါပဲ။ လုပ်သွားတဲ့တရားခံကတော့ စောစောစီးစီးကျောင်းကိုသွားပြီ။

ရိပေါ်ခနလောက်ထပ်ကွေးပြီးတော့ အိပ်ရာကထဖို့ပြင်တော့ ကုတင်ဘေးကစားပွဲခုံပေါ်မှာတင်ပေးထားတဲ့ ဆေးကဒ်ကိုကြည့်ရင်း အသာပြုံးလိုက်သည်။ အစ်ကိုရှောင်းကျန်က သိတတ်သေးသားပဲ။ ရှောင်းကျန်အကြောင်းတွေးမိတော့ မနေ့ညကအဖြစ်အပျက်များက ဦးနှောက်ထဲမှာ highlight တွေချည်းအနှေးကွက်ပြသလို ပြန်ပေါ်လာတာမို့ စောစောစီးစီး မျက်နှာနှစ်ဖက်ကရဲတက်လာခဲ့သည်။

ခေါင်းကိုဘယ်ညာခါရင်း မျက်နှာသစ် အစားစားဖို့ပြင်ရသည်။

မနက်စာပေါင်မုန့်မီးကင်နှစ်ချပ်နဲ့ နွားနို့တစ်ခွက်ကို သောက်ပီးတဲ့နောက် ဒီနေ့အတွက်အတန်းအချိန်ဇယား ကိုကြည့်ရင်း လုပ်စရာရှိတာကိုသွက်သွက်လက်လက်လုပ်ရသည်။ Refregiator ကိုတစ်ချက်ကြည့်လိုက်ရင်း ညစာအတွက်လိုတဲ့ ဟာတွေဝယ်ဖို့စာရင်းမှတ်ရသေးသည်။

တော်ရုံအစားအသောက်ဆိုကြေးများတတ်တဲ့ အစ်ကိုကြောင့် ရိပေါ်မီးဖိုချောင်ကိုစီမံရာတွင် သေချာဂရုတစ်စိုက်နဲ့ ကြပ်ကြပ်မတ်မတ်လုပ်ရသည်။ အစတုန်းကတော့ အလွဲလွဲအမှားမှားနဲ့ဖြစ်ခဲ့ပေမယ့် ရိပေါ်ရဲ့ကြိုးစားမှုကြောင့် အခုဆိုရှောင်းကျန်အကြိုက်အားလုံးကို ရိပေါ်အလွတ်ရနေပေပီ။

စီးပွားရေးမေဂျာမှာ ဒုတိယနှစ်တက်ရောက်နေတဲ့ ရိပေါ်ဟာ တစ်ဖက်ကလည်းဝါသနာပါတဲ့အကကိုသင်ယူရင်း စာလည်းကြိုးစားရင်း ကောင်းကောင်းမွန်မွန်ရှင်သန်နေတဲ့ကောင်လေးတစ်ယောက်။ ရည်မှန်းချက်ကြီးပြီး ကြိုးစားတတ်တဲ့ ရိပေါ်အတွက် အခွင့်အလမ်းတွေ အများကြီးဆိုပေမယ့် တစ်ယောက်သောသူကြောင့် တွေဝေပြီးလက်လွှတ်ခဲ့ရတာတွေလည်း မနည်းတော့..။

ရှောင်းကျန်.......။ တတိယနှစ် စီးပွားရေးမေဂျာ။ ရိပေါ်နဲ့မေဂျာတူ။ တက်နေတာစီးပွားရေးဆိုပေမယ့် ဝါသနာပါတာက ပန်းချီ။ ဝါသနာပါရုံတင်မဟုတ် ပါရမီကလည်း ထူးသေးသည်။ ရိပေါ်နဲ့ရှောင်းကျန်က ဘာတွေလည်းဆိုရင် ဘာမှတော့မဟုတ်။ ဒီတိုင်းခေါင်းစဉ်တပ်လို့မရတဲ့ ဆက်ဆံရေးတစ်ခုသာ။ တူတူအိပ်တဲ့အကြိမ်ပေါင်း မနည်းတော့ပေမယ့် အခုထိ ခေါင်းစဉ်မဲ့တဲ့ဆက်ဆံရေးတစ်ခုအောက်က ရိပေါ်မရုန်းထွက်နိုင်သေး...။

အထက်တန်းနှစ်မှာ ကျောင်းပြောင်းလာတဲ့ ရှောင်းကျန်နဲ့ ကျိရန်ဆိုတဲ့ကျောင်းသားနှစ်ယောက်ဟာ တစ်ယောက်တစ်မျိုးစီချောတာကြောင့် ကျောင်းသားကျောင်းသူကြားမှာနာမည်ကြီးသည်။ ရိပေါ်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ ဟောက်ရွှမ်းနဲ့ ကျိရန်တို့ရည်းစားဖြစ်သွားတဲ့နောက်မှာတော့ ရှောင်းကျန်ကသူတို့နဲ့ တလိုလို​ပေါင်းမိသွားခဲ့တာ။ ရိပေါ်ရယ် ရှောင်းကျန်ရယ်ဟောက်ရွှမ်းရယ် ကျိရန်ရယ် ၄ယောက်ကအထက်တန်းကတည်းက တူတူတွဲလာတဲ့အဖွဲ့။

အထက်တန်းပြီးလို့မေဂျာတွေရွေးကြတော့ အနုပညာမှာ ပါရမီပါရဲ့သားနဲ့ စီးပွားရေးကိုသာ ရွေးလျှောက်တဲ့ရိပေါ်ဟာ အကြောင်းပြချက်က ရှောင်းကျန်ကြောင့်ပါတဲ့။အမှန်တော့ရိပေါ်ဘက်ကရှောင်းကျန်ကို တစ်ဖက်သတ်သဘောကျနေခဲ့တာ။ ပထမနှစ်စတက်တော့ ရှောင်းကျန်တစ်ယောက်တည်းနေတဲ့တိုက်ခန်းမှာ တူတူနေခွင့်ရအောင် အာပေါက်မတက်တောင်းဆို ပြီးတဲ့နောက်မှာတော့ ရှောင်းကျန်ကလက်ခံခဲ့သည်။

Why not MeWhere stories live. Discover now