Part 5

4.6K 294 16
                                    

Unicode

"Leo ဘယ်ရက်ပြန်လာမာလဲ"

"မသိ​သေးဘူး ခွင့်က၁လလုံးလုံးဆို​တော့ မားမားတို့နဲ့လည်း အချိန်​ပေးပြီး ​နေချင်​သေးလို့ ဘာလို့လဲ Trover "

"ငါမင်းနဲ့လိုက်ရမလားလို့"

"ဟမ်!?"

ပြန်မယ်ဆိုပြီး အရင်ရက်​တွေကတည်းက အသိ​ပေးထားတုန်းက ဘာမှမ​ပြောပဲ အခုမှ ထလိုက်ချင်တဲ့ crew leader Trover။ Trover က တရုတ်-အ​မေရိကန် ကပြားဖြစ်ပြီး မျိုးရိုးက လီ။ Trover Lee ​ပေါ့။

ရိ​ပေါ်နဲ့ K ​ရောက်မှ သိတာဖြစ်ပြီး ရိ​ပေါ် entertainment နဲ့ စာချုပ်မချုပ်ခင်ကပင် အပြင်မှာ​တွေ့ပြီး ခင်ခဲ့ကြဖြစ်သည်။

Trover ရဲ့စိတ်က လွတ်လပ်သည်၊ ​ပျော်​ပျော်​နေတတ်ပြီး တစ်ဖက်ကလည်း တည်တည်ကြည်ကြည်ရုပ်ရည်နှင့်။ အ​မေရိကန်​သွေးပါတဲ့ Trover ရဲ့မျက်နှာ​​ပေါက်က ​မေးရိုးထင်းထင်းနှင့် ခန့်ညားပြီး အရပ်ကလည်း ရိ​​ပေါ်ထက် ​ခေါင်းတစ်လုံးက အသာ​လေးကွာသည်။

Trover နဲ့ပတ်သတ်ပြီး ရိ​ပေါ်အကြိုက်ဆုံးအချက်ကို ​ပြောပါဆိုလျှင် Troverက ကိုယ့်ကိုယ်ကို ​လေးစားပြီး တန်ဖိုးထားတတ်သည်။ သူ့ကိုစိတ်ဒုက္ခ​ရောက်​စေမယ့် အရာ​တွေနဲ့ ​ဝေး​ဝေး​နေသည်။ ဦး​နှောက်နဲ့ နှလုံးသားကို balance ဖြစ်​အောင်ထိန်းထားနိုင်ပြီး ပြသနာတစ်ခုဖြစ်တိုင်း ပြတ်ပြတ်သားသား​ရွေးချယ်ရမယ့် choices ​တွေကို ဆွဲထုတ်နိုင်သည်။

ရိ​ပေါ်ရဲ့ အသဲကွဲဒဏ်ရာဟာလည်း Trover ​နဲ့ အနီးကပ်​နေပြီး သူ့ရဲ့သ​ဘောထား​တွေကို အတုယူခဲ့ရင်းကြောင့် ​တော်​တော်​လေးသက်သာခဲ့တာဖြစ်သည်။ Trover ​ကရိ​ပေါ်ထက် ၂နှစ်ပိုကြီးတာ​ကြောင့် အစ်ကို​တစ်​ယောက်လို​ရော အုပ်ထိန်းသူတစ်​ယောက်လိုပါ ​စောင့်​ရှောက်​ပေးသည်။

ရိ​ပေါ်တို့ crew မှာ ရိ​ပေါ်နဲ့ Trover ကလွဲရင် ကျန်တဲ့ ၂​ယောက်က public relation ရှိပြီး stage ​ပေါ်လည်း ​ရောက်သည်။ ရိ​ပေါ်တို့၂​ယောက်ကကျ​တော့ Idol တစ်ဖွဲ့စီအတွက် private trainer အဖြစ်တာဝန်ယူထားပြီး Cherographer အဖြစ်ပါ လုပ်ကိုင်​နေတာမို့ ​ပြောရရင် entertainment လူမသိ​အောင် ဥထားတဲ့ ​ရွှေဥ​လေး​တွေလို့ ဆိုရမှာပင်။

Why not MeWhere stories live. Discover now