Unicode
မြင်မြင်ချင်း ချစ်တဲ့ အချစ်ကို ခင်များတို့ယုံကြလား...။ ကျွန်တော်ကတော့ ကိုယ်တိုင် ခံစားခဲ့ရတာကြောင့်ပဲ အကြွင်းမဲ့ကို ယုံကြည်ပါတယ်။
နှုတ်ခမ်းအောက်က မှည့်နက်ကလေးနဲ့ အရယ်အပြုံးမဲ့တဲ့ ကိုကို့ကို မြင်မြင်ချင်းမှာပဲ တစ်ဒိတ်ဒိတ်နဲ့ ခုန်လာတဲ့ နှလုံးသားရယ်လေ...။ ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး...။
ကိုကိုက အကြင်နာမဲ့တယ်။ သူ့ရဲ့ သူငယ်ချင်း ကျိရန်ဆိုတဲ့ ကောကောကလွဲရင် တစ်ခြားသူကိုဆို အရေးတောင်မလုပ်ခဲ့ဘူး။ လူချမ်းသာလေးလို့ နာမည်ကြီးတဲ့ကိုကို့ကို ရိပေါ်သဘောကျသလို ရှိန်လည်းရှိန်ခဲ့ရတယ်။
မထင်မှတ်ပဲ ကျိရန်ကောကောနဲ့ ဟောက်ရွှမ်းနဲ့က ခင်သွားကြသတဲ့။ ကိုကိုကလည်း ဒီလိုနဲ့ပဲ သူတို့နဲ့ တူတူပေါင်းဖြစ်လာခဲ့ပါတယ်။ ကျွန်တော် သိပ်ပျော်ခဲ့တာပေါ့...။
ကိုကို့အနားရှိနေရင် ပခုံးလေးမတ်ပြီး တုပ်တုပ်မှမလှုပ်ရဲခဲ့တာ ကိုကိုကလွဲရင် အားလုံးက သတိထားမိခဲ့ကြပါတယ်။ ခုမှ စဥ်းစားကြည့်တော့ ကျွန်တော့်ဘက်ကအရမ်းသိသာနေသလောက် ကိုကိုက ကျွန်တော့်ကို စိတ်မှမဝင်စားခဲ့တာ ဘယ်သိခဲ့ပါ့မလဲ။
ကျိရန်နဲ့ ဟောက်ရွှမ်းနဲ့ တွဲကြပြီတဲ့ကိုကို။ ကျွန်တော်သိပ်ပျော်တာပဲ ကိုကိုက ကျွန်တော်တို့နဲ့ အမြဲအတူတူရှိနေတော့မှာ...။ ဘာလို့လဲဆိုတော့ ကိုကို့မှာ သူငယ်ချင်းဆိုလို့ ကျိရန်ကောကလွဲရင် တစ်ခြားသူမရှိဘူးလေ...။
ကိုကို့ကို ဖွင့်ပြောဖို့ဆိုတာ ရိပေါ်အတွက် အလှမ်းဝေးလွန်းတဲ့ အိမ်မက်ကလေးပါပဲ။ ကိုကိုက မာကျောတယ်၊ အေးစက်တယ် စူးစူးရဲရဲ မျက်ဝန်းတစ်စုံနဲ့ အမြဲစိုက်ကြည့်နေတတ်ပြီး ထိုမျက်ဝန်းတွေက ရိပေါ်ကို အနားကို မကပ်လာဖို့ သတိပေးနေသလိုပဲ...။ ရိပေါ်ရဲ့ ဆယ်ကျော်သက်ဘဝလေးက ကိုကို့ကို သဘောကျရင်း ကုန်ဆုံးသွားခဲ့ပါတယ်။
အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်တဲ့အခါ အရွယ်ရောက်လာတဲ့ ကောင်လေးလေးရဲ့ စိတ်နဲ့နှလုံးသားမှာ ကျန့်ကောက စွဲစွဲမြဲမြဲနေရာယူနေခဲ့ပါပြီ။ အချစ်ဆိုတာမျိုးက ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံးနားလည်ထားတဲ့ အရာမလား...။