ငယ်စဥ်အချိန်မှာ ကလေးတစ်ယောက် အတောင်းတဆုံးအရာက ပိုက်ဆံမဟုတ်ပဲ မိဘမေတ္တာနဲ့ နွေးထွေးဂရုစိုက်မှုတွေနဲ့ အချိန်ပေးကြင်နာမှုတွေ ဖြစ်လိမ့်မယ်။
ပိုက်ဆံရှိရင် ပြည့်စုံပြီ လို့ထင်တဲ့ လူနှစ်ဦးရဲ့ ပေါင်းစပ်မှုမှာ ဖြစ်ပေါ်လာခဲ့တဲ့ ရှောင်းကျန်ဆိုတဲ့ ကလေးကို မိခင်ရော ဖခင်ရောက သိပ်အဖက်မလုပ်ခဲ့ကြဘူး။
အကျိုးအမြတ်ကို ကြည့်ပြီး အကောင်ထည်ဖော်ခဲ့ကြတဲ့ အိမ်ထောင်ရေးမို့ အိမ်ထောင်တစ်ခုရဲ့ တာဝန်အရမွေးဖွားပေးခဲ့တဲ့ ကလေးမလို့ ဒီကလေးကို ပြုစုစောင့်ရှောက်ရာမှာလည်း သူလုပ်ရတယ် ငါထမ်းရတယ်နဲ့ တပွမ်ပွမ်ပေါ့။
ကျောက်လုပ်ငန်းကို တိုးချဲ့ချင်တဲ့မိခင်ဟာ ကလေးနို့မပြတ်ခင်အချိန်မှာတင် အလုပ်တွေစုပုံနေခဲ့ပြီး ပြည်ပကို စျေးကွက်ချဲ့ချင်တဲ့ ဖခင်ကလည်း ဒီကလေးကို အချိန်ပေးဖို့ဝန်လေးတယ်။
မိဘရင်ငွေ့လှုံချင်တဲ့ ကလေးကို နို့ထိန်းတစ်အုပ်နဲ့ ထားပြစ်ခဲ့တာ ဘာကြောင့်များလဲ..။
မွေးနေ့တွေမှာ အမေရောက်မလာဘူး။ အဖေကမအားလို့တဲ့။ တူတူနေရတဲ့ နို့ထိန်းတွေက ကျွန်တော့်ကို ကြင်ကြင်နာနာဆက်ဆံတယ်များမှတ်နေသလား အဖေ။
လက်မောင်းပေါ်က အရှိူးရာတွေ အဖေမမြင်ဘူးမလား။ ဘယ်မြင်ပါ့မလဲ။ သူတို့က အဖေနဲ့အမေတို့ ရှိတဲ့အချိန်တိုင်း လက်ရှည်တွေပဲ ဝတ်ပေးထားကြတာကိုး။ အဖေတို့ကလည်း ထူးပြီး စိတ်မဝင်စားခဲ့ကြဘူးမလား...။
သူများအိမ်ပေါ် အခန့်သားနဲ့ နှစ်အတော်ကြာ နေခဲ့ရတဲ့ အောက်တန်းစားအိမ်ထိန်းတွေက ကြာတော့ ဘယ်သူကသခင်လဲ ဘယ်သူကကျွန်လဲဆိုတာ မေ့ကုန်ကြပြီ။ မိဘတွေပြန်လာတဲ့ ငိုယိုပြီး ဖေဖေတို့အနားအိပ်ချင်တယ်လို့ ခွင့်တောင်းခဲ့တဲ့ ကလေးကို တစ်ညတာပျော်ပါးဖို့အတွက် မ်ဘ၂ပါးက အလာမခံခဲ့ကြဘူး။
တိုင်တောချင်ပေမယ့် မျက်ရည်တွေဝဲလာတဲ့အခါတိုင်း စိတ်ရှုပ်သလိုဖြစ်သွားတဲ့ မျက်နှာထားတွေကို ရှောင်းဖတ်တတ်လာတဲ့အခါ ဒီတိုင်း ကြိတ်မှိတ်ပြီး ငြိမ်ခံနေဖို့ပဲရွေးချယ်ခဲ့တယ်။ ဒါသူလိုလိုလားလား ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုရယ်လို့မဟုတ်ပါဘူး။