Final

6.9K 332 14
                                    

Unicode

"ဘယ်ချိန်အဲ့ အရက်​တွေကို ထိုင်​သောက်​နေမှာလဲ ​ရှောင်းကျန်ရယ်"

အရံဟင်း​တွေ လတိုင်းလာပို့​ပေး​ပေမယ့် လတိုင်းသိုးကုန်လို့ သွန်ပြစ်ရစမြဲ။

တစ်ချိန်ချိန်ကျ ပြန်လာမှာပါ ဆိုတဲ့ ​မျှော်လင့်ချက်က​လေးနဲ့၊ သူ့ကိုအဆုံးထိထားမသွား​လောက်ပါဘူး ဆိုတဲ့ စိတ်က​လေးနဲ့ ​ရှောင်းကျန်အသက်ရှင်​နေမှန်း ကျိရန်သိသည်။ ကျိရန်မှမဟုတ် ​ရှောင်းကျန်​ဘေးကလူ​တွေအားလုံး ထိုအဖြစ်မှန်ကို သိကြသည်ပဲ။

"​​ဘေဘီက ငါ့အနားမ​နေချင်​တော့ဘူးတဲ့ ကျိရန်"

"ဟင်း...."

အရင်က ၂​ယောက်သား အတူတူ​နေတဲ့ တိုက်ခန်း​လေးမှာပဲ ​ရှောင်းကျန်ဟာ သူ့ကိုယ်သူပိတ်​လှောင်ပြီး ဒဏ်ခတ်ထားတယ်။

"ငါ မင်းအ​ကြောင်းကို သွား​ပြောပြလိုက်ရင်​ရော ​ရှောင်းကျန်? သူကနားလည်​ပေးမှာပါ...."

"ဘာ​ပြောမှာလဲ စုတ်ပြတ်နှုံချာခဲ့တဲ့ ငါ့အတိတ်အ​ကြောင့်ကိုလား။ အဲ့အ​ကြောင်း​တွေ​ပြောပြပြီး ငါ့ကိုသနားချစ်ပြန်ချစ်လာ​အောင်လို့လား"

"မဟုတ်ဘူး​လေ ​ရှောင်းကျန် မင်းနဲ့ရိ​ပေါ်နဲ့ ကွဲရတာလည်း...."

"ငါ့အမှား​တွေပါ ကျိရန်...အကုန်လုံးကို ငါပဲ​ရွေးချယ်ခဲ့တာ...​ဘေဘီကို သူ့ဘာသူ ​နေပါ​စေ​တော့"

အရက်ပုလင်းကိုကိုင်လို့ အိမ်ထဲဝင်သွားပြီဖြစ်တဲ့ ​ရှောင်း​ကျန့်​ခြေလှမ်း​တွေ ​လေးပင်စွာ...။

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

"ပြန်မယ်???"

"အင်း ပါးနဲ့မားကို သွားနိုင်လာနိုင်တုန်း​လေးkorea ကိုလည်း ​ခေါ်ချင်လို့"

"Honeymoon Trip ကို​တော့လိုက်ခဲ့​ပေး​လေကွာ ရိ​ပေါ် မင်းကလည်း"

"ဟုတ်သားပဲ သားငယ်ရယ် ခွင့်က ၁လ​တောင်..."

"မား!"

ရိ​ပေါ်​ဟောက်ရွှမ်းတို့ကို ခွင့်ရက်သိပ်မရဘူးလို့ လိမ်ထားတာဖြစ်သည်။ မားကတည့်တည့်ကြီး ​ဖော်လိုက်​တော့ ရိ​ပေါ်မျက်နှာက ပျက်ခနဲ!

Why not MeWhere stories live. Discover now