Zawgyi
Bye...2021
Unicode
ဒီနှစ်အတွက် ကလေးငယ်တွေ ပင်ပန်းသွားခဲ့ကြပါပြီ။
ပြင်ပဖိအားတွေရော အတွင်းဖိအားတွေရော အားလုံးကို ကြံ့ကြံ့ခံပြီး အခုအချိန်အထိ အကောင်းဆုံး ရှင်သန်နေထိုင်ခဲ့ကြတဲ့ ကလေးတွေအားလုံးကို ချန်းက အရမ်းတော်ပြီးကောင်းမွန်ပါတယ်လို့ပြောချင်တယ်။
ချန်းတို့ အမှားတွေ အများကြီး လုပ်ခဲ့ကြတယ်ဟုတ်?
ရွေးချယ်မှုတွေ မှားကောင်းမှားခဲ့ကြတယ်ဟုတ်?ဒါပေမယ့် ချန်းတို့ အားလုံး သင်ခန်းစာအကြီးကြီးတွေ သင်ယူခဲ့ကြရပြီး ချန်းတို့အတွက် အကောင်းဆုံးလို့ ထင်တဲ့အဖြေတစ်ခုစီကိုရွေးချယ်ခဲ့ကြတဲ့အတွက် ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ အပြစ်တင်စရာမလိုပါဘူး။
၂၀၂၂ မှာ ချန်းဟာ ဒီကမ္ဘာလေးထဲက ကလေးငယ်လေးတွေဆီ ချစ်ခြင်းတရားတွေကို ပိုမိုဖြန့်ကျက်သွားမှာဖြစ်ပြီး ကလေးငယ်တွေလည်း အချစ်တွေနွေးထွေးမှုတွေနဲ့ လုံခြုံကြင်နာတဲ့ ရပ်ဝန်းတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကို ပိုချစ်ပြီး ပိုဂရုစိုက်ကြဖို့လည်း ချန်းကတောင်းဆိုလိုက်ပါတယ်။
ချန်းတို့အားလုံး ကပ်ဆိုးတွေကိုကျော်ဖြတ်ပြီးတဲ့အခါ ရ့်ကျက်ပြီး ရဲရင့်တဲ့၊ ကြင်နာနွေးထွေးပြီးအကြောက်တရားတွေကိုကျော်လွှားနိုင်တဲ့ လူသားလေးတွေ ဖြစ်လာဖို့ ဆုတောင်းပေးလိုက်ရင်း.....
Bye...2021
2022 မှာပြန်လည်ဆုံတွေ့ကြပါမယ်။