Unicode Version
" လွမ်းတာပေါ့လို့ အချစ်ကလေးရယ်
ဘယ်လိုများ မေးလိုက်တာလဲ "" အာ စောရီး ခုနက ကိုယ့် ရဲ့ အစ်မ လေ
သူ့ရဲ့ ဖုန်းဘေကုန်သွားလို့ဆိုလို့
အဲ့ဒါ ကိုယ့်ရဲ့ ဖုန်း ကို ခဏယူစစ်နေတာ "" အင်းပါ ဒီည club မှာ တွေ့ကြတာပေါ့
ပြီးရင် ထုံးစံအတိုင်း Hotel မှာ
သွားအိပ်ကြမယ်လေ ok လား "စော်တွေ တစ်ယောက်ပြီး တစ်ယောက် နဲ့ ဖုန်း ကိုမနားတမ်း ပြောနေတဲ့ Lisa ဆိုတဲ့ ယောက်ကျားဆန်ဆန် ကောင်မလေး ကို သူ့အမေ တစ်စက်မှ ကြည့်မရတော့ ။
ဒါကြောင့် lisa ရဲ့လက်ထဲ က ဖုန်းကျသွားတာနဲ့ချက်ချင်း" ဒီတိုင်းပဲ နေနေ တော့မှာလား
ပတ်ရှုပ်နေတာ မဝသေးဘူးလား "မျက်နှာချင်းဆိုင်လာထိုင်ပြီး လူ့ကို ခပ်စေ့စေ့ အကြည့် နဲ့ လာမေးတဲ့ အမေ ရဲ့စကားကြောင့် ကျွန်မ မျက်မှောင်ကြုံ့မိလိုက်တယ် ။
ဟုတ်တယ်လေ သူတို့လုပ်ငန်း ကို စိတ်မဝင်စားပေမယ့် ကျွန်မ က သူတို့ကို နှောင့်ယှက်နေတာမှ မဟုတ်တာ ဒါကြောင့် ကျွန်မ လည်း ခပ်ရွဲ့ရွဲ့ ပဲ ။
" မနေဘူး အမေ
ခဏနေ သူငယ်ချင်း chae young
ဆီ ကို သွားတေ့ာမှာ ပြီးတော့
ပတ်ရှုပ်နေတာလည်း တကယ်ကို မဝသေးတာပါ ကောင်မလေး က အယောက် ၁၀၀
မပြည့်သေးဘူးလေ "ကျွန်မ ရဲ့ ခပ်ပြတ်ပြတ် အဖြေ စကားလုံးကြောင့် အမေ က သူ့ခေါင်းတွေ ကို ခါရမ်းလိုက်တယ် နောက်တော့ သက်ပြင်းတစ်ခု ကို လည်း ရှည်ရှည်မျောမျောချလိုက်ရင်း
" မဟုတ်သေးဘူး
နင့် အစ်မ ဂျီဆူး ဆို
အထူးကု ဆရာဝန် တစ်ယောက်တောင်
ဖြစ်နေပြီ နင်ပဲ ခုချိန်ထိ
ကျောင်းစာလည်း စိတ်မဝင်စားပဲ
အလေလိုက်ကောင်းတုန်း
မိဘ ရဲ့ လုပ်ငန်းကျတော့လည်း
နည်းနည်းပါးပါး ဝင်ကူပေးဖို့ မပြောနဲ့
စိတ်တောင် မဝင်စားဘူး
ငါ နင့်အတွက် ရင်လေးတယ် လာလီဆာ "" ရင်မလေးပါနဲ့ အမေရယ်
အမေတို့ ရှာထားတာက
သမီး နဲ့ အစ်မ ဂျီဆူး ၂ ယောက်ပေါင်းတောင်
စားမကုန်ဘူး "တကယ်လည်း ဟုတ်တယ်လေ ကိုယ့် ရဲ့ မိဘတွေ က ကိုယ် မမွေးခင်တည်း က မျိုးရိုးဆင်းဆက်ချမ်းသာလာတဲ့ ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်တွေ ။
YOU ARE READING
Bad Guy For Love ( Completed )