Part 5

6.8K 569 69
                                    

Unicode Version

" ဂျန်း အဲ့တစ်ယောက် က
ကိုယ်တို့ကားကို ဆိုင်ကယ်နဲ့ ဟိုတစ်ခါ
ဝင်တိုက်တဲ့ တစ်ယောက်မလား "

" အင်း ဟုတ်တယ် "

" သူကမင်းကို ဘာဇယားတွေ လာရှုပ်နေပြန်ပြီလဲ "

" ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ
ဆေးရုံတက်နေရတဲ့ လူနာကိစ္စလာမေးတာ "

ကျွန်မလည်း သူလေကြောရှည်တတ်တာကို
အစတည်းက သိနေတာကြောင့်ရယ်
အမှန်အတိုင်းသာ ဖွင့်ပြောလိုက်ရင်
ဒီထက်ပိုနားပူလာမှာကို ရိပ်မိနေတာကြောင့်
အမြန်ဆုံးလေကြောသတ်နိုင်မယ့်
စကားတစ်ခွန်းကိုသာလွှဲပြောလိုက်ရခြင်း
ဖြစ်လေတယ်။

" ရှုပ်ရှုပ်ယှက်ယှက်တွေ မမြင်ချင်ဘူးနော် ဂျန်း "

သူ့ရဲ့ အမိန့်ဆန်တဲ့ စကားလုံးကြောင့် ဒေါသတွေဟာ ကားထဲမှာ အသစ်တစ်ဖန်ပြန်မွေးဖွားလာပြီ ထင်ပါတယ် ပိုက်ဆံမချမ်းသာပေမယ့်လည်း ဘယ်သူ့အပြောအဆိုကိုမှ သေးသေးတင်မခံချင်တာ ကျွန်မရဲ့ ပင်ကိုယ်ဗီဇပဲ ။

" ရှင်စကားပြောတာ စည်းမကျော်လာပါနဲ့
ရှင်နဲ့ ကျွန်မက ချစ်သူတွေ
ဖြစ်သေးတာလည်း မဟုတ်ဘူး
နေရာတကာ ကျွန်မကို
လိုက်မချုပ်ချယ်စေချင်ဘူး "

" ကိုယ်က ဂျန်းကို မဟုတ်တရုတ်
အဲ့လို ဂျစ်ပစီဟာတွေနဲ့
ဖြစ်သွားမှာစိုးရိမ်လို့ပါ "

" ရတယ် မစိုးရိမ်နဲ့
ကျွန်မ က အသိဥာဏ်ရှိတဲ့ ဆရာဝန်တစ်ယောက်
ကျွန်မမှာ စဥ်းစားဆုံးဖြတ်နိုင်တဲ့
ဦးနှောက်ရှိတယ် "

ကျွန်မ ရဲ့ စကားအဆုံးမှာ သူ့ဘက် က ဘာစကားမှပြန်ထွက်မလာပဲ တိတ်ဆိတ်သွားခဲ့တယ် ဒါပေမယ့် ခဏတာ တိတ်ဆိတ်သွားခဲ့တာ ။
သူ့ဆီက ပြန်ထွက်ကျလာတဲ့ စကားတစ်ခွန်းက ကျွန်မရဲ့ ဒေါသတွေကို အတောင့်လိုက် ထွက်လာစေတာကြောင့် ကားမောင်းနေတဲ့ သူ့မျက်နှာကို ခပ်စေ့စေ့လှည့်ကြည့်လိုက်မိရဲ့သား ဖြစ်သွားခဲ့လေတယ် ။

" ကိုယ့်ရဲ့ ပြိုင်ဘက်ဖြစ်မယ့်သူက
ကိုယ်နဲ့အဆင့်ချင်းတူ ပညာအရည်ချင်းတူ
ဂုဏ်ချင်းတူနေမှ ဖြစ်မယ်နော်
နောက်မို့ဆိုလို့ကတော့ ကိုယ်သိက္ခာကျတယ် "

Bad Guy For Love ( Completed ) Where stories live. Discover now