Part 15

6.8K 514 103
                                    

Unicode Version

ဒီနေ့ဆေးရုံအရှေ့တည့်တည့်မှာမမကိုလာကြိုတဲ့နေ့မှာမှချယ်ယောင်းနဲ့လည်းဆေးရုံအရှေ့မှာထိပ်တိုက်ကိုတိုးလေတော့တာပဲ ။

ချယ်ယောင်းကလည်းဆေးရုံထဲကထွက်လာမယ့်တစ်ယောက်ယောက်ကိုစောင့်မျှော်နေတဲ့ပုံပဲဆောင်နေသောကြောင့်ကိုယ်လည်းသူ့အနားကိုသွားလိုက်ပြီးကိုယ့်ကိုသတိထားမိလာအောင် ချောင််းတစ်ချက်ဟန့်ပြီးဆိုးပြလိုက်မိတယ် ။

ဒါတောင် သူကကိုယ့်ကိုအဖက်မလုပ်တဲ့အပြင်ဆေးရုံထဲကထွက်လာမယ့်တစ်စုံတစ်ယောက်ဆီကိုပဲအကြည့်တွေကစောင့်မျှော်မပျက်ဖြစ်နေသေးတာကြောင့်ကိုယ်ဘက်ကလည်းမနေနိုင်မထိုင်နိုင်တော့ပဲ စကားတစ်ခွန်းစတင်ဟလိုက်မိလေတော့တယ် ။

" ချယ်ယောင်း ငါလည်းနင့်ကိုဒီနေ့
  မခေါ်ထားပါဘူး ဒီကိုဘာလာလုပ်တာလဲ "

" နင့်အစ်မ ကင်ဂျီဆူးကိုစောင့်နေတာလေ "

ချယ်ယောင်းကတော့ကိုယ့်ဘက်ကိုတောင်အကြည့်တစ်ချက်မလွှဲပဲအေးဆေးတည်ငြိမ်စွာပြောနေနိုင်ပေမယ့်စိတ်ထဲမတည်မငြိမ်ဖြစ်နေသူဟာ ကိုယ် ။

" ဟင် ငါ့အစ်မကိုနင်ကဘာလို့စောင့်နေတာလဲ
  ငါ့အစ်မကနင့်ကိုစောင့်ခိုင်းထားလို့လား "

" အေး ဟုတ်တယ် နင့်အစ်မကိုငါလာကြိုတာ
  ပြောရမှာတော့အားနာပါတယ်သူငယ်ချင်းရယ်
  နင်ခရီးသွားနေတဲ့အချိန်အတောတွင်းမှာပဲ
  နင့်အစ်မနဲ့ငါ ချစ်သူတွေဖြစ်သွားခဲ့ကြတယ် "

" ဘာာာာာ !!!!! "

ကိုယ့်ရဲ့အာမေဋိတ်စကားအဆုံးမှာပဲချယ်ယောင်းရဲ့မျက်နှာကြီးကတစ်နေရာကိုစိုက်ကြည့်ပြီးဝင်းမှည့်သွားလိုက်တာများသရက်သီးမှည့်တောင်အရှုံးပေးရတော့မလိုလို ။

ချယ်ယောင်းရဲ့မျက်နှာကြီးဝင်းလက်သွားတာလည်းမပြောနဲ့ ချယ်ယောင်းကြည့်ရာအရပ်ကိုကိုယ်ပါလည်ဆန့်ကြည့်မိလိုက်တော့ အစ်မဂျီဆူးကလည်းချယ်ယောင်းရှိရာအရပ်ကိုပဲတည့်တည့်မတ်မတ်လျှောက်တော်မူလာတာ ။

မျက်နှာကလည်းပြုံးလို့ရွှင်လို့သူ့မျက်လုံးထဲမှာ ချယ်ယောင်းတစ်ယောက်ကိုပဲမြင်တာလားမပြောတတ် သူ့ညီမရှိရာကိုယ့်ဘက်ကိုတောင်အကြည့်တစ်ချက်ရောက်မလာဘူး ။ 

Bad Guy For Love ( Completed ) Where stories live. Discover now