Part 12

7.4K 558 119
                                    

Unicode Version

မနေ့ကအဖျားရှိန်ကြောင့် မျက်လုံး၂လုံးပွင့်ပွင့်ချင်း မူးဝေနေသေးတဲ့ခေါင်းတွေက အနည်းငယ်တော့ ချာချာလည်နေသေးသလိုဖြစ်နေတဲ့အပြင် တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ဆီကို မျက်နှာအပ်ထားမိသလိုဖြစ်နေတာကြောင့်လန့်ဖြန့်ချင်ပေမယ့် ဒီကိုယ်သင်းရနံ့လေးကိုသိနေတော့လည်းခက်သား ။

တစ်ညလုံးမမနဲ့အတူတူဖက်အိပ်ခဲ့ရတာတစ်ခုနဲ့တင် ရေထဲမှာချမ်းစိမ့်တဲ့ဒဏ်ကို အချိန်အတော်တန်ကြာသည်းခံခဲ့ရတာဟာ အတော်လေးကိုတန်သွားပါပြီ ။

ရင်ခွင်ထဲကနေမျက်နှာမော့ကြည့်လိုက်တဲ့အချိန်မှာ အိပ်ပျော်နေသေးတဲ့ မြတ်နိုးဖွယ်ရာမမရဲ့မျက်နှာလေးသဖွယ်ဟာလည်း အပြစ်ကင်းစေတဲ့ကလေးငယ်လေးတစ်ဖွယ်လိုပါပဲ စိတ်အတွင်းအေးချမ်းခြင်းကိုပါထပ်မံဖော်ဆောင်ပေးလေတယ် ။  

ခုလိုအိပ်ပျော်နေတဲ့အချိန်မှာဆို မျက်ခွံလေးတွေပါပိတ်ထားတော့ မျက်ခွံပေါ်ကမှဲ့နက်လေးကလည်း စွဲမက်ဖွယ်စရာထင်ထင်ရှားရှားလေးနဲ့ ။

ပါးလေးတွေဆိုလည်း ဖောင်းဖောင်းအိအိလေးဖက်ထုပ်လေးကျနေတာပဲ ကိုက်စားချင်စရာလေးတွေ ။

ဖက်ထုပ်ပုံစံပါးဖောင်းဖောင်းလေးတွေကိုကျော်လွန်ပြီး ဆံနွယ်လေးတွေ၁ချောင်း၂ချောင်း ကယိုကယို
ဝဲဖြာကျနေတဲ့နဖူးလေးဆီကို အနမ်းတစ်ပွင့်ပို့ဆောင်ပေးလိုက်တော့ အအိပ်ဆက်သူမမဟာမျက်ခွံလေးတွေကို ဖြည်းဖြည်းချင်းအားယူဖွင့်လာလေတယ် ။

မမရဲ့မျက်နှာပေါ်မှာအုပ်မိုးနေတဲ့ကိုယ့်မျက်နှာလေးကိုမြင်တာနဲ့ မမကသူ့လက်ဖဝါးလေးတွေနဲ့ကိုယ့်ပါးလေးတွေကို ပြန်အုပ်မိုးကိုင်ပေးလိုက်ရုံသာမက နှုတ်ကနေလည်းစကားတစ်ခွန်းဆိုလိုက်သေးတာ ။

" သက်သာသွားပြီလား ချာတိတ် "

မိန်းကလေးတစ်ယောက်ရဲ့အလှဆုံးအချိန်က မျက်နှာသစ်ပြီးတဲ့အချိန်လို့ ကြော်ညာထဲမှာကြားဖူးခဲ့ပေမယ့် မမကတော့အချိန်ပြည့်လုနီးပါးကိုလှနေတော့တာ ။

ခုလိုအိပ်ရာနိုးကာစအချိန်မှာဆိုအိပ်ထားလို့ဖောင်းကားနေတဲ့ ချစ်စဖွယ်ပါးလေးတွေဟာလည်း မမရဲ့မျက်နှာပေါ်ကအလှတွေကိုပါ ပိုလှလာအောင်လို့ တစ်ထောင့်တစ်နေရာကနေထောက်ပံ့ပေးနေ
သလိုပါပဲ ။

Bad Guy For Love ( Completed ) Onde histórias criam vida. Descubra agora