Part 34 ( Final Bonus )

11.3K 519 124
                                    

Unicode Version

ဒီနေ့မနက်အိပ်ယာနိုးနိုးချင်းမှာပဲမနိုးသေးတဲ့
မောင့်နဖူးလေးထက်ကိုအနမ်းလေးတစ်ပွင့်
ခပ်ဖွဖွခြွေချလိုက်ပြီး ကျောင်းသွားဖို့အတွက်
သမီးလေးနှစ်ယောက်ကိုလည်းနိုးရင်း
နံနက်စာပြင်ဆင်ဖို့အတွက် ခပ်သုတ်သုတ်  
မီးဖိုခန်းထဲကို ထွက်ခွာလာခဲ့လိုက်တယ် ။ 

မောင်ကြိုက်တဲ့ ပေါင်မုန့်မီးကင်ရယ်
ပီဇာတစ်ချပ်ရယ် နွားနို့နှစ်ခွက်ရယ်ကို
စားပွဲပေါ်မှာကြိုတင်ပြင်ဆင်ထားကာ
အိမ်အနီးနားက စာသင်ကျောင်းလေးမှာ
သမီးလေးနှစ်ယောက်ကိုကျောင်းပို့ပြီး
သွားတာတောင်အချိန်တော်တန်ကြာတဲ့ထိ
မောင်က နိုးထမလာသေးတာကြောင့်
မောင့်ကိုသွားနှိုးဖို့စဥ်းစားဆုံးဖြတ်လိုက်တယ်။

" မောင် ! ထတော့ နေမြင့်နေပြီ "

မောင့်ပါးတွေကိုလက်ဖဝါးနှစ်ဖက်ထဲထည့်ပြီး
နိုးနေတာတောင်မောင်ကမျက်မှောင်ကြီးကုပ် 
လို့ လက်နှစ်ဖက်ကိုလေပေါ်ဆန့်ထုတ်လျက်
အပျင်းကြောဆွဲနေတာမို့စိတ်ကမရှည်တော့။

ဒီနေ့လေးကဆေးရုံ Duty Off ရက်လေးမို့လို့
မောင်နဲ့အတူတူ အိမ်ထဲမှာတစ်ရက်တာ  
ကုန်ဆုံးချင်ပါတယ်ဆို အခုများတော့
မောင်အိပ်နေတာနဲ့တင်မနက်ပိုင်းအချိန်က
တော်တော်လေးကို ကုန်ဆုံးနေလေပြီ ။

" မောင် ! မနက်စာအတူတူစားမယ်
  ထတော့လို့ဆို မောင် !!!!!!! "

နား နားကပ်ပြီးပိတ်အော်ပေးလိုက်တော့
အပျင်းကြောဆွဲနေတဲ့ လက်တွေနဲ့
ပုခုံးနှစ်ဖက်ကိုကိုင်ပြီး အားရပါးရ  
ဆောင့်ဆွဲလိုက်တာကြောင့်မေးအပ်လိုက်မိတဲ့   
ရပ်ဝန်းလေးကလည်း မောင့်ပုခုံးပေါ်သာ။

သူ့ကိုယ်ပေါ်ကနေပြန်ထလို့မရအောင်ကို
ကျွန်မကျောပြင်တွေကို တင်းကျပ်စွာ   
လက်နှစ်ဖက်နဲ့သိုင်းဖက််ထားတဲ့မောင်ဟာ  
မျက်လုံးလည်း မဖွင့်သေးတဲ့ပုံစံပါပဲ။

ပါးစပ်ကလည်း တအင်းတအင်း
တအီးအီးနဲ့ မောင်အအိပ်မက်ပုံများ
တကယ်ပါပဲ မပြောချင်တော့ဘူး
လာနှိုးတဲ့သူကိုတောင်လူတစ်ကိုယ်လုံး
လဲသွားအောင် ဆွဲဖက်ချလိုက်သေးတာ။ 

Bad Guy For Love ( Completed ) Hikayelerin yaşadığı yer. Şimdi keşfedin