Part 27

6.8K 509 141
                                    

Unicode Version

မင်္ဂလာဆောင်အတွက် ခန်းဝင်ပစ္စည်းတွေ
သွားဝယ်ပြီးတာနဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ  
မျက်နှာချင်းဆိုင်မောင်နဲ့နှစ်ယောက်အတူတူ
ကော်ဖီထိုင်သောက်ရင်း မောင့်မျက်နှာလေးကို
ချစ်လွန်းလို့ငေးနေမိတာကလည်းအရူးလိုမျိုးပဲ ။

မှတ်မိပါသေးရဲ့မောင်နဲ့ကော်ဖီဆိုင်စစထိုင်
တဲ့နေ့တုန်းကလေ မောင်ကကျွန်မရဲ့ခွက်ထဲက 
ကော်ဖီရည်တွေကိုမြန်မြန်အေးသွားအောင်လို့    
သူ့နှုတ်ခမ်းလေးတွေနဲ့ မှုတ်ပေးခဲ့တာတွေ။
အဲ့တုန်းက မောင့်လိုလူဆိုးတစ်ယောက်ရဲ့
ကြင်နာမှုတွေကပဲ ကျွန်မနှလုံးသားလေး
အရှိုက်တည့်တည့်ကိုထိမှန်သွားတယ်ဆိုပါတော့။

အခုလည်းမောင်ကအဲ့လိုပြုမူလာပြန်တော့
စားပွဲခုံပေါ်မေးထောက်ပြီးပြုံးပြုံးကြီးငေးကြည့်   
နေမိတာကလည်း သိပ်ကိုရင်ထဲကြည်နူးနေမိလို့ ။
မောင်မှုတ်ပေးလို့အေးသွားတဲ့ကော်ဖီလေးကို
လျှာဖျားပေါ်တင်လိုက်တော့ ခါးသက်သက်
အရသာလေးရသွားတာမို့ အနည်းငယ်တော့ 
မျက်မှောင်ကုတ်မိလိုက်လေတယ် ။

" ဘာဖြစ်လို့လဲမမ ပူသေးလို့လား " 

" ဘာမှမဖြစ်ပါဘူးမောင်ရဲ့ လျှာပေါ်
  နည်းနည်းခါးသက်သက်ဖြစ်သွားလို့ပါ ဟီး " 

သွားသေးသေးလေးပေါ်လာတဲ့အထိပြုံးဖြီးပြီး
ပြောလိုက်တော့အလိုက်သိတတ်လွန်းသူမောင်က
မျက်ခုံးပင့်ပြီးမေးခွန်းတစ်ခုထုတ်လာလေတယ်။

" ခါးတယ်ဆို နို့ဆီထုပ်ဖြစ်ဖြစ်
  သကြားထုပ်ဖြစ်ဖြစ်
  ထပ်မှာပေးရမလား မမ "

" အို ! ရတယ်မောင် မမှာနဲ့တော့
  မောင့်မျက်နှာချိုချိုလေးကိုပဲတစိမ့်စိမ့်
  ကြည့်ပြီးဒီတိုင်းဆက်သောက်လိုက်တော့မယ် 
  မောင်သိလား မောင့်မျက်နှာလေးက
  ခါးတဲ့အရသာကိုတောင် ချိုမြတဲ့အရသာ
  ဖြစ်လာနိုင်အောင်စွမ်းဆောင်နိုင်တယ်ဆိုတာလေ"

ချွဲတဲ့တဲ့လေသံနဲ့ပြောလိုက်တော့ မောင်က
သူ့ပါးစပ်ကိုလက်ချောင်းလေးတွေနဲ့အုပ်ပြီး
အပြစ်ကင်းစင်တဲ့ကလေးငယ်လေးတစ်ဦးကဲ့သို့    
ရယ်မောနေတာကြောင့်အနည်းငယ်ရှက်မိသွားလို့
မျက်စိရှေ့ကကော်ဖီခွက်ကို လက်နဲ့ကိုင်ကာ
ခပ်မြန်မြန်လေး မော့ချသောက်မိလိုက်တယ် ။

Bad Guy For Love ( Completed ) Unde poveștirile trăiesc. Descoperă acum