Part 22

6.1K 470 61
                                    

Unicode Version

ဒီနေ့က ဆေးရုံ Duty Off ရက်ဖြစ်တာကြောင့် 
ချစ်ရတဲ့ချယ်အပေါ်အချိန်ပေးမိလိုက်တယ် ။
အရောင်အသွေးစုံလင်တဲ့ ပန်းပေါင်းစုံရှိတဲ့
ပန်းခြံထဲမှာဘေးချင်းကပ်ရပ်ထိုင်နေရတာတောင်
ချယ်က တစ်ချက်တစ်ချက်ကျွန်မဘက်ကို
ဖြတ်ခနဲလှည့်လှည့်ကြည့်လာတတ်တယ် ။

မိန်းကလေးနှစ်ယောက်ရဲ့ကိုယ်ကြားက
ခုံတန်းရှည်လေးအပေါ်မှာ မှောက်ရက်သားလေး
တင်ထားတဲ့ လက်ဖဝါးနှစ်စုံဟာလည်း 
နွေးထွေးစွာတစ်သားတည်းထပ်တူကျလျက် ။

" မမ "

တိတ်ဆိတ်နေတဲ့လေထုကိုစတင်ဖြိုခွဲလိုက်တာတဲ့
ချယ်ယောင်းရဲ့ခေါ်သံလေးဟာလည်း နူးနူးညံ့ညံ့နဲ့ ။

" ပြောလေ ချယ် "

အမြဲတမ်းပြောမယ့်စကားကိုဆက်မပြောပဲ
မမလို့ အရင်ခေါ်ပြီးကလေးလိုချွဲတတ်တာ
ချယ်ရဲ့မွေးရာပါ အမူအကျင့်တစ်ခုဆိုရင်
အဲ့လိုမျိုးကိုမှသိပ်သဘောကျမိတာကလည်း
ကျွန်မရဲ့ စိတ်ရင်းမှန်လို့ပဲပြောရမလား ။ 

" ချယ်တို့အမြန်လက်ထပ်လိုက်ကြရအောင်နော်မမ
  ချယ် မမနဲ့တစ်အိမ်တည်းအတူတူနေချင်နေပြီ
  ပြီးတော့ မမကိုဆုံးရှုံးရမှာလည်းကြောက်တယ် "

ဒီနေ့ဂျန်းနီအိမ်ကိုလက်ထပ်ဖို့ကိစ္စအတွက်နဲ့ 
လီလီနဲ့အိမ်ကမိဘတွေ သွားကြတယ်လို့
ပြောလိုက်မိပါတယ် ဒါဆိုလီလီက  
လက်ထပ်တော့မှာပေါ့ သူပဲကျန်တော့တယ်ဆိုပြီး
လူကိုတစ်နေကုန် ကလေးလိုမျိုးဂျီတိုက်နေလေရဲ့။

" အင်းပါချယ်ရယ် လီလီမင်္ဂလာပွဲပြီးရင်
  တို့တွေမင်္ဂလာဆောင်ကြမယ်လေ  "

" အာ မမကလည်း အကြီးကအရင်ဆောင်ရမှာပေါ့
  ချယ်တို့အရင်လက်ထပ်ပြီးမှ သူတို့ကို
  မင်္ဂလာဆောင်ခိုင်းလို့မရဘူးလား ဟင်မမ "

လူကိုမနမ်းမမိရုံတမယ် မျက်နှာအနားနားကို
နှုတ်ခမ်းကြီးထော်နမ်းပြီးပြောလာတဲ့ချယ်ကို
ဘယ်လိုမှမနိုင်တော့တာကြောင့် နှုတ်ကနေ
ထွက်ကျလာတဲ့စကားဟာလည်း  ချယ်အကြိုက်
စကားတစ်ခွန်းလေး ဖြစ်နေခဲ့လေတယ် ။

Bad Guy For Love ( Completed ) Where stories live. Discover now