Unicode Version
DG လည်း ဒီနေ့ဂျန်းနီက သူ့ကို လာမကြိုခိုင်းသဖြင့် မဟုတ်သေးဘူးဆိုပြီး မယုံသကင်္ာစိတ်တွေနဲ့ ဂျန်းနီရဲ့ ဆေးရုံအရှေ့တည့်တည့်မှာပဲ ဂျန်းနီ ဆေးရုံထဲကထွက်လာမယ့်အချိန်ကိုသာ အစောကြီးလာစောင့်နေလေတယ် ။
လီဆာနဲ့ အတူတူ ဆေးရုံထဲက ယှဥ်ရက်ထွက်လာတာကို DG က မြင်သွားတယ်ထင်ပါတယ် ဂျန်းနီအနားကို အမြန်တကုတ်ပြေးလာရုံသာမက ဂျန်းနီရဲ့ လက်တစ်ဖက်ကိုပါ အားပါပါဆောင့်ဆွဲလိုက်လေတယ် ။
" ဂျန်းးးး သူနဲ့မင်းနဲ့က ဘာတွေလဲ "
" ဒီတိုင်း သူငယ်ချင်း "
" သူငယ်ချင်း မဟုတ်ဘူး ချစ်သူတွေ "
လီဆာက ဂျန်းနီရဲ့စကားကို ဖြတ်ပြောလိုက်ရုံသာမက DG ခါ်သွားလို့ မရအောင်ပါ ကျန်လက်တစ်ဖက်ကို ဆွဲထားတာကြောင့် ဂျန်းနီလေးခမျာ ၂ယောက်ကြားမှာ ယက်ကန်ယက်ကန်လေး ဖြစ်နေရရှာပြီ ။
" လာရွှီးမနေနဲ့
ဂျန်းက မိန်းကလေးချင်း
စိတ်မဝင်စားဘူးဆိုတာ ငါသိပြီးသား
အထူးသဖြင့် မင်းလိုမျိုးဆို ပိုတောင်ဝေးသေး "" ခင်ဗျားက ကျုပ်ကို
ဒါသက်သက်အထင်သေးတာပဲ "" ဟုတ်တယ်လေ မိန်းမတစ်ယောက်ကို
တမ်းတမ်းစွဲဖြစ်အောင်လုပ်နိုင်ဖို့ဆိုတာ
ငါတို့လို ယောက်ကျားအစစ်တွေမှအဆင်ပြေမှာ
ငါတို့လို ယောက်ကျားအစစ်တွေနဲ့
မပြိုင်ချင်စမ်းပါနဲ့ မိန်းကလေးရာ "DG ရဲ့ အောက်လုံးပါချင်တဲ့ စကားလုံးတွေကြောင့် ကျွန်မ ဒေါသထွက်သွားတာကို DG မသိဘူးထင်ပါတယ် ချာတိတ်ဘက်က တုန့်ပြန်လာမယ့် စကားလုံးတွေကိုသာ ထိုးနှက်ဖို့ သူကတွေးတောနေတဲ့ပုံ ။
" ကိုယ်ကတော့ အဲ့လိုမထင်ဘူးနော်
မမက တဏှာစိတ်နဲ့ မဟုတ်ပဲ
အချစ်စိတ်နဲ့ပဲ ရွေးချယ်မှာလို့ပဲ ကိုယ်ထင်တယ်
ခင်ဗျား ထင်တာက
မမကို တမ်းတမ်းစွဲဖြစ်လာအောင်
ခင်ဗျားက လုပ်နိုင်တယ်ပေါ့ "" ဒါပေါ့ မင်းမှာမပါတဲ့အရာ
ငါ့မှာပါတယ်လေ "" ဖြန်းးးးးးးးး "
![](https://img.wattpad.com/cover/282208655-288-k574300.jpg)
YOU ARE READING
Bad Guy For Love ( Completed )