မနက်သုံးနာရီ ရထား
ဆောဒါဟယ် ဆိုတဲ့တောင်တွေကြားက ရွာသေးသေးလေးတစ်ရွာရှိတယ်။ အိမ်ခြေကလဲ ၃၀ကျော်ကျော်ပဲရှိပြီး လူဦးရေကလဲ ၁၄၀ခန့်ပဲရှိတယ်။ ရွာသားတွေအားလုံးဟာတစ်ယောက်အကြောင်းတစ်ယောက်ကိုအတွင်းကျကျသိကြတဲ့သူတွေချည်းပဲ။ အဲ့ဒီရွာလေးမှာ နေမကောင်းဖြစ်နေတဲ့ကောင်ကလေးတစ်ယောက်ရှိတယ်။ သူ့နာမည်ကဂျွန်ဂျောင်ဂုတဲ့။ကောင်လေးက ယုန်လေးတစ်ကောင်နဲ့တူပြီးချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတယ်။အရယ်အပြုံးမရှိပေမဲ့ ချစ်စရာကောင်းပြီးချောမောတဲ့ရုပ်ကလေးကိုပိုင်ဆိုင်ထားတယ်။ဒါပေမဲ့ဘယ်သူက နေမကောင်းတဲ့သူကိုစိတ်ဝင်စားမှာတဲ့လဲ။
သူကအသက်၁၈နှစ်ရှိပေမဲ့ အပြုအမူတွေက၆နှစ်ကလေးသာသာပဲ။ရွာကလူတွေကတော့ သူကဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းနေတဲ့ကလေးလို့သိကြတယ်။ ရွာထဲကလူကြီးတွေက သူ့ကို"ငတုံးလေး"လို့ခေါ်ပြီး ကလေးတွေကတော့ သူ့ကို"အရူး"တဲ့။ အဲ့အရူးလေးဟာ စကားတစ်ခွန်းကိုအမြဲပြောလေ့ရှိတယ်။ "သုံးနာရီရထားတစ်စင်းက ဟယ်ဒူတောင်ကြားကနေအမြဲဖြတ်သွားတတ်တယ်"တဲ့။ ဘယ်သူကမှမယုံခဲ့ကြပါဘူး။ ဟယ်ဒူတောင်က အရမ်းမြင့်ပြီး တောလဲနက်တာမို့ လူအသွားအလာနည်းတဲ့တောင်ကြီးလဲဖြစ်တယ်။ ပြီးတော့ အဲ့မှာရထားလမ်းလဲရှိမနေဘူးလေ။
ရွာသားတွေက အရူးလေးရဲ့စကားကိုလျစ်လျူရှုခဲ့လိုက်ကြတယ်။ ဒါပေမဲ့တစ်နေ့မှာ အရူးလေးဟာရွာကနေ ထာဝရပျောက်ကွယ်သွားတယ်တဲ့။_______________________________
"ဟေး ငတုံးလေး"
ခြံရှေ့မှ အော်သံကြောင့် အဘွားဟာနိုးလာခဲ့သည်။တုံ့ချိချိ လမ်းလျှောက်လာရင်း ခြံတံခါးကိုတွန်းဖွင့်ကာ မီးအိမ်ကိုအပေါ်သို့မြှင့်လိုက်ပြီး ထိုလူများကိုစူးစိုက်ကြည့်လေသည်။
"ဘာကိစ္စလဲ ဂျောင်ဂုကအခုထိမနိုးသေးဘူး"
နေထွက်ခါစအချိန်ဖြစ်သည်။ အရှေ့ဘက်မှနေဝန်းဟာအခုမှတောင်တွေကြားမှထွက်ရန်ကြိုးစားနေဆဲဖြစ်သောကြောင့် အမှောင်ထုဟာယခုထိကြီးစိုးထားဆဲပင်။သို့သော်ဆောဒါဟယ်ရွာသားများက တောလိုက်၊အရွက်ခူး၊ကောက်စိုက်၊ မှိုချိုးဖြင့်အသက်မွေးကြသူများဖြစ်သောကြောင့် မနက်စောစော တောင်တွေဘက်သို့ထွက်ခွာလေ့ရှိသည်။

YOU ARE READING
3A.M Train
Fantastikမနက်သုံးနာရီတိတိမှာ တောင်တွေကြားကနေ ရထားတစ်စီးဖြတ်သွားတတ်တယ်။ ရွာခံကောင်လေးတစ်ယောက်ပဲအဲ့ရထားကိုမြင်ရတယ်တဲ့။