Part - 7(Zawgyi)

15.8K 1.7K 78
                                    

မနက်ဆို စောစော,ထတတ်တာက အကျင့်ဖြစ်နေသည်မို့ ခိုက် နိုးလာတော့ မနက်ခြောက်နာရီစွန်းစွန်းသာ ရှိသေးသည်။ မျက်နှာသစ်,သွားတိုက်ပြီး အိမ်ရာဝင်းတစ်ပတ်ပြေးရန် သူ ပြင်ဆင်ပြီး အခန်းပြင်ထွက်လာသည်။ ဘေးအခန်းက ကာလနဂါးလေးကတော့ အိပ်မက်ထဲမှာ နတ်သမီးတစ်ဖက်ငါးရာနဲ့များ ပျော်ပါးနေ၍လားမသိ ခိုက် အခန်းတံခါးကို အသာလှပ်ကြည့်လိုက်တော့ ပြုံးယောင်သမ်းကာ အိပ်မောကျနေသည်။

အနားကိုတဖြည်းဖြည်း တိုးသွားလိုက်ပြီး ဆံပင်တွေအုပ်နေတဲ့ နဖူးပြင်ပြေပြေလေးကို တစ်ချက်ခိုးနမ်းလိုက်သည်။ နှာခေါင်းထိပ်က မှဲ့နက်လေးကို အသည်းယားလွန်းသည်ကြောင့် လက်ညှိုးလေးနဲ့ ခပ်ဖွဖွလေးတို့ထိမိတော့ တစ်ချက်လူးလွန့်လာသည်မို့ ခိုက် အမြန်လက်ရုတ်လိုက်ရသည်။ နံပါတ်တစ်နဲ့ နံပါတ်နှစ် စည်းကမ်းချက်ကို သူ တိုက်ရိုက်ချိုးဖောက်နေတာ ရှား သိလို့မဖြစ်ဘူးမလား။

" ချစ်ဖို့ကောင်းတဲ့ မောင့်ရှား စွာတေးလေး "

အနမ်းသူခိုးတစ်ယောက်အတွက် တစ်နေ့တာရဲ့မနက်ခင်းမှာ အရာရာက လှပလို့နေသည်။ မနက်ခင်းရဲ့အရုဏ်ဦး နေရောင်ခြည်ကလည်း လှပနေသလို အစာရှာထွက်နေတဲ့ ကျေးငှက်အော်သံတို့ကလည်း နားဝင်ချိုလို့နေသည်။

အစကတော့ မေမေလေးကို နည်းနည်းစိတ်အနှောင့်အယှက် ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ခိုက် ရှားကိုချဉ်းကပ်ခဲ့တာ မှန်ပေမယ့် သူ သတိမထားမိလိုက်တဲ့ အချိန်အတွင်းမှာပဲ ရှားအပေါ်လုံးဝ ပျော်ဝင်သွားခဲ့သည်။ အဲ့ဒါကြောင့်ပဲ အတင်းအကြပ် သိမ်းပိုက်မယ့်အစီအစဉ်ကနေ သူ့အချစ်တွေကို ရှား ကြည်ကြည်ဖြူဖြူ လက်ခံနိုင်တဲ့အထိ ကြိုးစားမယ်ဆိုတဲ့ အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။

အပြေးလေ့ကျင့်နေရင်း အပေါ်ဝတ်အင်္ကျီမှာ ထည့်ထားတဲ့ဖုန်းက မြည်လာသည်ကြောင့် ခေါ်ဆိုသူကို ကြည့်လိုက်တော့ ရေခြားမြေခြားက မွေးသမိခင်ဖြစ်နေသည်။ ခိုက် ဒီကိုရောက်ကတည်းက တစ်ခါမှ ဖုန်းမဆက်ဖြစ်တာမို့ ကြည့်ရတာ ခိုက်ကို အပီအပြင် ပွားတော့မည်ထင်သည်။ ခိုက် earphone ကို နားမှာစွပ်လိုက်ပြီး ဖုန်းလက်ခံလိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now