Part - 39(Unicode)

105K 9.2K 2.6K
                                    

ခိုက်တို့သီချင်းဆိုပြီး စင်ပေါ်ကပြန်ဆင်းလာတော့ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ဖုန်းက မြည်လာတာကြောင့် ကြည့်လိုက်တော့ တစ်ခါမှဖုန်းမဆက်ဖူးတဲ့ အမွှေစိန်ဂျီရာသျှင်းဆီက ဖြစ်နေသည်မို့ ခိုက် မျက်မှောင်ကြုံ့မိသွားသည်။ ရှားက  ဘာဖြစ်လို့လဲ  ဆိုတဲ့ အမေးမျိုးနဲ့ ခိုက်ကို မေးဆတ်ပြလာတော့ ခိုက်က ဖုန်းကိုထောင်ပြလိုက်သည်။

" ကိုယ့် Cousin  ဖုန်းခဏပြောလိုက်ဦးမယ်နော် "

ရှားကို ခွင့်တောင်းပြီး ပွဲနဲ့ခပ်လှမ်းလှမ်းကို လျှောက်လာကာ ဖုန်းလက်ခံလိုက်သည်။ တစ်ခြားသူသာဆို ခိုက် ဖုန်းချပစ်လိုက်မှာ ဆိုပေမယ့် အမျိုးထဲမှာ အငယ်ဆုံးဖြစ်နေတဲ့ ဂျီရာသျှင်းက တစ်မျိုးလုံးရဲ့ အချစ်ခံလေးဖြစ်နေသည်မို့ ခိုက် စိတ်ကိုမနည်းဆွဲဆန့်ထားပြီး ပြောနေရသည်။ ဆယ့်မိနစ်လောက် နားပူခံပြီးတော့ ခိုက်နားလေး လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည်။

ကိုလင်းတို့ထိုင်နေတဲ့ဝိုင်းကို ပြန်လျှောက်လာတော့ ရှားကစားပွဲပေါ်ခေါင်းမှောက်နေပြီး ကိုလင်းတို့ကိုလည်း မတွေ့တော့ပဲ ကိုပြည့်တစ်ယောက်သာ ထိုင်နေသည်မို့ မေးလိုက်တော့ ကိုလင်းကို ထိန်းမနိုင်တော့လို့ အရင်ပြန်နှင့်ပြီဖြစ်ကြောင်း ပြောလာသည်။

အိပ်ငိုက်နေသည်အထင်နဲ့ ရှားကို ပခုံးကနေ ဆွဲထူလိုက်တော့ မျက်ဝန်းတွေက ရီဝေဝေဖြစ်နေပြီး မျက်နှာလေးက နီရဲရဲဖြစ်နေသည်မို့ ကိုပြည့်ကို မျက်မှောင်ကြုံ့ကာ လှည့်ကြည့်လိုက်တော့ သွားအဖြဲသားနဲ့ ခိုက်ကိုရယ်ပြလာသည်။

" ကိုပြည့်လက်ချက်လား "

ရှားအရှေ့က ဖန်ခွက်အလွတ်ကို အကြည့်ပို့ရင်း မေးလိုက်တော့ ကိုပြည့်က ပြာပြာသလဲနဲ့ ရှင်းပြလာသည်။

" အိုးစွပ်ခွက်စွပ်နဲ့ ကိုသတိုးရေ... အစ်ကိုလေးယောကျာ်းက ရေငတ်တယ်ဆိုပြီး သောက်ချလိုက်တာပါဗျာ.. ကျွန်တော်မျိုး တားချိန်တောင်မရလိုက်ဘူး "

ကိုပြည့်ဆီကနေ အကြည့်လွဲဲပြီး ရှားထိုင်နေတဲ့ထိုင်ခုံဘေးမှာ ဒူးထောက်ချလိုက်ပြီး ရှားပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှားကို ထူပေးလိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now