Part - 20(Unicode)

124K 10.1K 2.4K
                                    

" မင်းက တကယ်လိပ်မျိုးပဲ "

ရှားပြောလိုက်တော့ ခိုက်ကခပ်ဟဟရယ်ရင်း ရှားနဖူးကို ဖွဖွလေးတောက်လာသည်။ ပြီးတော့မှ ရှားနဖူးလေးကို ညင်ညင်သာသာလေး နမ်းရှိုက်လိုက်သည်။ ရှားကတော့ သူ့ကိုမျက်တောင်မခတ်တမ်း လိုက်ကြည့်နေသည်။

" ဖြေပါဦး ရှားရဲ့... ကိုယ့်အချစ်တွေကို တုံ့ပြန်လှည့်ပါဦး "

" လူတစ်ယောက်လုံး မင်းရင်ခွင်ထဲ ရောက်နေပြီပဲကို... ဖြေဖို့လိုသေးလို့လား "

ရှားက သူ့ကိုမကြည့်ပဲ အကြည့်လွှဲကာ တိုးတိုးလေးဖြေလာသည်။ ဒီအချိန်က ခိုက်ဘဝအတွက် ပျော်ရွှင်မှုအစစ်အမှန်နဲ့ ဆုံစည်းရချိန်ပဲဖြစ်လိမ့်မည်။ ရူမငြီးနိုင်တဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ရင်ဘတ်ထဲက နှလုံးသားလေးက အချစ်ရဲ့အဓိပ္ပါယ်ကို ဖွေရှာနိုင်ခဲ့သည်။ ဗလာကျင်းဖြစ်နေတဲ့ သူ့ရဲ့ဘဝက ဒီလူသားလေးနဲ့မှ ပြည့်စုံပေးလိမ့်မည်။

" ဖြေပါ ရှားရဲ့... ကိုယ် ကြားချင်လို့ပါ "

ရင်ခွင်ထဲကလူသားလေးက နှုတ်ခမ်းကို အထက်အောက်ဖိကိုက်ရင်း ပြောဖို့အားယူနေသည်။ ခိုက်က မျက်တောင်မခတ်တမ်း ကြည့်နေမိတော့ အသက်ရှူသံတွေပါ မြန်လို့လာသည်။ ခိုက်လည်း ရှားလက်လေးကို ဆုပ်ကိုင်လိုက်ပြီး ရှားရဲ့မျက်ခွံဖောင်းအစ်လေးကို တယုတယလေး အနမ်းခြွေလိုက်တော့ ရှားကမျက်လုံးလေးမှိတ်ပြီး ခိုက်ရဲ့အကြင်နာတွေကို လက်ခံနေသည်။ ပြီးတော့မှ ခိုက်ကဩရှရှအသံနဲ့ ဆွဲဆောင်မှုရှိစွာဖြင့် ရှားရဲ့နားရွက်ဖျားနားကို တိုးတိုးလေး ကပ်ပြောလာသည်။

" ကိုယ့်ကိုကြည့်ပြီးဖြေဖို့ အခက်တွေ့နေတယ်ဆိုရင် မျက်လုံးမှိတ်ပြီး အဖြေပေးလို့ရတယ် "

ခိုက်ရဲ့အပြောကို ရှားကခေါင်းလေးညိတ်ရင်း လက်ခံလာသည်။ ခိုက်က ရှားနှုတ်ခမ်းနားကို နီးနိုင်သမျှနီးအောင် တိုးသွားပြီး ရှားပေးလာမယ့်အဖြေကို ငံ့လင့်နေသည်။ ရှားနှုတ်ဖျားလေး ပွင့်ဟလာတာကိုပဲ ခိုက်ရင်ထဲမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်နေမိသည်။

" ချစ်တယ် ~~ "

ဒီအခိုက်အတန့်လေးမှာပဲ အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ တိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင် အနေအထားကြောင့် ရှားမျက်လုံးမှိတ်ထားရာကနေ ဖြည်းဖြည်းချင်းဖွင့်ကြည့်မိတော့ ခိုက်က သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သေချာကြည့်လိုက်မိတော့ ခိုက်ရဲ့မျက်ဝန်းညိုတွေထဲမှာ ငွေ့ရည်ဖွဲ့မှုတို့ ဖြစ်တည်နေသည်။ ခိုက်ရဲ့အပြုအမူကို ရှား တအံ့တဩနဲ့ ငေးကြည့်မိနေစဉ်မှာပဲ ခိုက်မျက်ဝန်းထဲက မျက်ရည်ကြည်တစ်ပေါက် ရှားရဲ့ပါးပြင်ထက်ကို စီးကျလာသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now