Part - 30(Unicode)

98.2K 9.2K 1.5K
                                    

ညနေစောင်းတဲ့အထိ ပြန်မလာသေးတဲ့ မြတ်ကြောင့် ကိုလင်းတစ်ယောက် စိတ်မအေးနိုင်ပဲ ဆေးရုံအဝင်ပေါက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျှော်နေမိသည်။ ဘာမှန်းမသိရသေးတဲ့ အခြေအနေဖြစ်တာကြောင့် ပိုးကိုအသိပေးလို့ကလည်း မဖြစ်ပြန်။ စိတ်မြန်လက်မြန်ရှိလှတဲ့ ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးမို့။

ကိုလင်းစောင့်နေတုန်းမှာပဲ နေ့လယ်က မြတ်ကိုခေါ်သွားတဲ့ကားက ဆေးရုံရဲ့အဝင်ပေါက်မှာ ရပ်လာခဲ့သည်။ ကိုလင်းလည်း ချက်ချင်းဆိုသလိုပဲ ကားနားကို အလင်းလိုအလျင်နဲ့ အမြန်လျှောက်လာသည်။ ‘ ဘာတွေဖြစ်လာလဲ ’ လို့ မေးစရာမလိုအောင်ပင် ကားပေါ်က ဆင်းလာတဲ့မြတ်က မျက်နှာတစ်ခုလုံး သွေးတစ်စက်မှ မရှိတော့သလိုပင် ဖြူဖျော့လို့နေသည်။

“ မြတ်… မင်း အဆင်ပြေရဲ့လား ”

သူ မေးလိုက်တော့ ခံစားချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာပြီး အသက်မပါသလို ခေါင်းတစ်ချက်သာ ညိတ်ပြလာသည်။ သတိုးရှန်ခိုက်ရဲ့အဖေက ဘယ်လောက်တောင် ပြောလိုက်တာမို့လို့လဲ။ မေးစရာတွေ သိချင်တာတွေ အများကြီးရှိနေပေမယ့်လည်း အခုချိန်မှာ မြတ်က ဖြေချင်စိတ်ရှိမယ်လို့ မထင်မိတာကြောင့် ကိုလင်းလည်း ဘာမှဆက်မမေးတော့ပဲ မြတ်ဘေးနားမှာသာ အရိပ်အခြေကြည့်ပြီး ရပ်နေလိုက်သည်။

“ ကိုလင်း ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ရမလား ”

“ ဟမ်.. အင်း… ရတယ်လေ.. ရတယ် .. ခဏစောင့် ငါ ကားသော့သွားယူလိုက်ဦးမယ် ”

ကားမောင်းလာတဲ့ တစ်လျှောက်လုံး ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်လာခဲ့တဲ့မြတ်က အိမ်ရာဝင်းထဲကိုဝင်တော့ ကိုလင်းကို စကားပြောလာသည်။

“ ကိုလင်း ”

“ အင်း.. ပြောလေ ”

“ ဒီနေ့ကိစ္စကို မပိုးကို မပြောပါနဲ့ဦး … ကိုလင်းပဲ သိထားပေးပါ ”

“ အေးပါကွာ… မင်း တစ်ယောက်တည်းနေလို့ အဆင်ပြေရဲ့လား… ငါ အဖော်နေပေးရမလား ”

ကားပေါ်ကဆင်းဖို့ပြင်နေတဲ့မြတ်ကို ကိုလင်းမေးလိုက်တော့ သူ့ဘက်ကို ပြန်လှည့်လာပြီး ခေါင်းညိတ်ပြလာသည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now