Part - 11(Unicode)

120K 11.1K 1.7K
                                    

ဒီနေ့က ရှား နားရက်ဖြစ်တာမို့ မနက်စာစားပြီးတော့ အခန်းထဲမှာ ပစ္စည်းတွေကို နေရာချနေသည်။ အိမ်ကယူလာပြီး နောက်နေ့က night duty နှစ်ရက်ကျတာကြောင့် ရှား အခန်းပြန်ရောက်လာတာနဲ့ အိပ်နေလိုက်သည်က များသည်။ ခိုက်ကလည်း နေ့လယ်ထမင်းစားချိန်မှသာ သူ့ကိုလာနှိုးသည်မို့ ပစ္စည်းတွေနေရာချဖို့အထိ အချိန်မရခဲ့။

အခန်းကအကျယ်ကြီးဆိုပေမယ့် ပစ္စည်းတွေကတော့ သိပ်များများစားစားမရှိ။ ကုတင်အကြီးကြီးတစ်လုံးရယ် စာကြည့်စားပွဲခုံတစ်ခုရယ် အဝတ်ဘီရိုတစ်ခုရယ် ပြီးတော့ ဟိုနေ့က ခိုက်တပ်ထားပေးတဲ့ နံရံကပ်စာအုပ်စင်တွေရယ် ဒါပဲရှိသည်။ ခိုက်ကတော့ တခြားလိုအပ်တာရှိရင် ပြောလို့ပြောထားပေမယ့် သူ့အတွက်ကတော့ ဒီလောက်ဆိုရင်ပဲ တော်တော်ပြည့်စုံနေပြီလို့ ပြောလို့ရသည်။

ရှား ပစ္စည်းတွေ နေရာချပြီးတော့ အခန်းပြင်ထွက်လာရင်း ခိုက်ကို ကြည့်လိုက်တော့ ဝရန်တာမှာ ခြေဆင်းထိုင်ပြီး ဂီတာတီးနေသည်။ သူရှိရာဘက်ကို နောက်ကျောပေးသည်မို့ ရှားထွက်လာတာကို ခိုက် သတိမထားမိ။ ခိုက် တီးနေတဲ့သီချင်းကို နားထောင်ပြီးတော့ ရှား မျက်ခုံးတို့ ပင့်မိသွားသည်။ ခိုက်လို အနောက်တိုင်းဆန်တဲ့ ကောင်လေးက ဒီလိုသီချင်းမျိုးတွေလည်း ရတာပဲလား။ ခိုက်နဲ့မျက်နှာချင်းဆိုင်မှာ ရှား ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်တော့ ဂီတာတီးနေတဲ့ခိုက်က ရှားကိုပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည်။

ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်
ရည်မှန်းထားတဲ့ အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်
ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ်
ကြွေပါတော့ကွယ်

အရှေ့တည့်တည့်က အဖြူရောင်ပုံရိပ်လေးကို ရည်စူးပြီး ဆိုမိခဲ့တဲ့သီချင်းတစ်ပုဒ်။ ဖွဲ့နွဲ့ပြီး မပြောတတ်ပေမယ့် အချစ်ကိုတော့ ရှားနဲ့တွေ့မှ သူ နားလည်ခဲ့တာအမှန်ပါ။

ညာလက်ရုံးနဲ့ တည်ဆောက်ရမယ့်ဘဝရယ်
ဘယ်လက်ရုံးနဲ့ ကိုယ်သိမ်းပိုက်မယ့်အချစ်ရယ်
ယောကျာ်းကောင်းတစ်ယောက်ရဲ့သစ္စာနဲ့
ကြင်နာပါ့မယ်

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now