ရောင်နီအလင်းတို့ အစပျိုးလာချိန်မှာတော့ ခိုက် အသိစိတ်တို့ နိုးထလာခဲ့သည်။ သူ့လက်မောင်းကို ခေါင်းအုံးပြီး ရင်ခွင်ထဲတိုးဝှေ့ရင်း ဝင်သက်ထွက်သက်မှန်မှန်နဲ့ အိပ်ပျော်နေတဲ့ရှားကို မျက်လုံးဖွင့်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်သည်။
တစ်ဆက်တည်းမှာပဲ သူတို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ ထုံလွှမ်းနေတဲ့ သာယာယစ်မူးဖွယ်ကောင်းတဲ့ ညချမ်းအချိန်တွေကို ပြန်တွေးမိတော့ နှုတ်ခမ်းထက်မှာ အပြုံးပန်းတို့ ဝေဆာပွင့်လန်းလာသည်။
ရှားဝတ်ထားတဲ့ ညဝတ်အင်္ကျီက လည်တိုင်နုနုနဲ့ ညှပ်ရိုးအလှကို လှစ်ဟပြနေသည့်အပြင် သူ ခြယ်သထားတဲ့ အချစ်ဆေးရောင်စုံတို့ကလည်း ဝင်းဝါတဲ့အသားအရေပေါ်မှာ အနီရင့်ရောင်ဘက်သို့ပင် ကူးပြောင်းနေလေသည်။ ခိုက်က ရှားခေါင်းလေးကို အသာပင့်မရင်း ခေါင်းအုံးထက်မှာ နေရာယူစေသည်။
ခိုက် ခန္ဓာကိုယ်ကို အသာကြွရင်း အိပ်ရာပေါ်မှာ လက်တစ်ဖက်ထောက်ကာ ရှားနဖူးလေးကို အနမ်းခြွေလိုက်သည်။ နောက်တော့ မျက်ခွံဖောင်းဖောင်းလေးတွေ နှာတံလုံးလုံးလေးတွေနဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို အနမ်းပန်းတို့ ပွင့်လန်းစေသည်။ နောက်ဆုံးအနေနဲ့ နှာတံထိပ်က မှဲ့နက်လေးကိုလည်း မကျန်ရစ်စေပဲ အနမ်းလိပ်ပြာ ရစ်ဝဲစေလိုက်သည်။
ရှားတစ်ယောက်တော့ ညက ခိုက်ရဲ့ အချစ်ကြမ်းကြမ်းတွေအောက်မှာ မလူးသာမလွန့်သာ ဖြစ်ခဲ့ရတာကြောင့် ကိုယ်စောင့်နတ်သူငယ်ကိုပင် နတ်သဘင်အစည်းအဝေး အချိန်မှီအောင် မပို့နိုင်တော့။ အိပ်မက်တွေသာယာနေဆဲမှာပင် ခိုက်က သူ့မျက်နှာကို နမ်းလိုက်ရှုံ့လိုက် လုပ်နေတာကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်လာသည်။
ခေါင်းကိုဟိုတိုးဒီတိုး လုပ်နေရင်း မျက်လုံးတစ်ဖက်ကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ သူ့ကိုအုပ်မိုးကြည့်နေတဲ့ ချစ်ရသူရဲ့ မျက်နှာချောချောလေးကို တွေ့လိုက်ရသည်မို့ ရှား မပီမသပြုံးလိုက်ရင်း ခိုက်ကို ခါးကနေ လှမ်းဖက်ပြီး အိပ်ရာထက်မှာ ပြန်လှဲချစေသည်။ ခိုက်က သူ့ခေါင်းလေးကို ဖွဖွပွတ်သပ်ပေးရင်း ကိုယ်လုံးအိအိလေးကို တင်းကြပ်နေအောင် ပြန်ဖက်ထားလိုက်သည်။
YOU ARE READING
My Step-mom's EX becomes My HUSBAND [[ Complete ]]
General FictionKxiteSxarrUniverse သတိုးရှန်ခိုက် (Thatoe Sxan Kxite) ဥတုရှားမြတ် (Utu Sxarr Myat) (Own Creation) Starting Date •• 26/8/2021 Ending Date •• 18/10/2021