Part - 35(Unicode)

108K 9.4K 2.2K
                                    

ကြားနေကြမဟုတ်တဲ့ တေးသီငှက်တို့ရဲ့ မနက်ခင်းသီကျူးသံကို ကြားနေရပါသော်လည်း ပုံမှန်ထက်ပိုပြီး နွေးထွေးနေမှုကြောင့် ရှားမျက်လုံးမဖွင့်သေးပဲ အနွေးဓာတ်ရှိရာကို ခေါင်းတိုးဝှေ့လို့နေသည်။

ခဏကြာတော့မှ အသိစိတ်တို့ပုံမှန်ဖြစ်လာပြီး မျက်လုံးကို ဖျက်ခနဲဖွင့်လိုက်တော့ အပေါ်ကြယ်သီးနှစ်လုံးလောက် ပြုတ်နေတဲ့ ညအိပ်ဝတ်စုံကြောင့် ကြွက်သားတို့ကျစ်လစ်နေတဲ့ ရင်အုပ်ကျယ်ကြီးနဲ့ ရင်ဘတ်အလယ်တည့်တည့်မှာ ရှိနေတဲ့မှဲ့နီလေးက မျက်စိရှေ့မှာ ထင်းလို့နေသည်။

ခါးတစ်ဝိုက်မှာလည်း သန်မာအားကောင်းတဲ့ လက်တစ်စုံရဲ့ တင်းကြပ်နေအောင် ပွေ့ဖက်ခြင်းကို ခံရထားတာကြောင့် ရှားကိုယ်လေးက တစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲ နစ်ဝင်တော့မတတ် ဖြစ်လို့နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့မရအောင် ပွေ့ဖက်ခြင်းခံထားရတာကြောင့် လွတ်နေတဲ့ခေါင်းလေးကို နောက်ဆုတ်ရင်း တစ်ဖက်လူကို မော့ကြည့်လိုက်တော့ အသက်ရှူသံမှန်မှန်နဲ့ ငြိမ်သက်လို့နေသည်။

( ဒီသတိုးရှန်ခိုက်ကတော့ စည်းမကျော်လာပါနဲ့လို့ ပြောထားတာတောင် လူကို ပိုင်စိုးပိုင်နင်းနဲ့ လာဖက်ထားသေးတာ ဘယ်သူ့အားကိုးနဲ့လဲ )

ခိုက်ကို ရန်တွေ့ဖို့ပြင်လိုက်ပေမယ့် ညကမိမိအိပ်နေတာက ဘယ်ဘက်အစွန်းမှာဖြစ်ပြီး အခုက ညာဘက်ကိုအစွန်းကို ရောက်နေမှန်း သတိထားမိသွားတော့ ချက်ချင်းဆိုသလိုပဲ ရှား ပြန်ငြိမ်နေလိုက်သည်။

( ဘာလဲ… ငါက စည်းကျော်နေတာလား … ငါ အရင်က အဲ့လောက်အိပ်မဆော့ပါဘူး… ငြိမ်ငြိမ်ပဲအိပ်တတ်တာပါ… အခုမှ ဘယ်လိုဖြစ်ပြီး… ဘယ်လိုဖြစ်ပြီးတော့လဲ… )

ညက ခိုက်ကို ကြီးကြီးကျယ်ကျယ်တွေ ပြောခဲ့တာကို သတိရသွားပြီး ရှား သတိလက်လွတ်နဲ့ ခိုက်ရင်ဘတ်ကို ခေါင်းနဲ့တိုက်မိတော့မလို ဖြစ်သွားသည်မို့ အမြန်ထိန်းလိုက်ရသည်။ ပြီးတော့မှ ခိုက် မနိုးအောင် ခါးမှာဖက်ထားတဲ့ လက်တစ်ဖက်ကို အသာအယာနဲ့ ဖယ်ရှားဖို့ကြိုးစားလိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Opowieści tętniące życiem. Odkryj je teraz