Part - 32(Unicode)

95.7K 9.1K 1.1K
                                    

ရှား ဆေးရုံဝင်းထဲကို ဝင်သွားပြီးတဲ့အချိန်ထိ ခိုက် အနောက်က‌နေသာ တိတ်တဆိတ် လိုက်ကြည့်နေသည်။ ရှားပုံရိပ်လေးမျက်စိထဲက ပျောက်ကွယ်သွားတော့မှ မိုးထိဘွားကို တစ်နေရာကို မောင်းခိုင်းလိုက်သည်။ အဲ့ဒါကတော့ သူ့ဒယ်ဒီရဲ့စံအိမ်ဆီကိုပဲ ဖြစ်သည်။

သတိုးရှန်ခိုက်က ဉတုရှားမြတ်ကလွဲရင် ကျန်တဲ့လူတွေအပေါ်မှာ နားလည်သည်းခံစိတ် တစ်စိုးတစ်စဉ်မှ မရှိဘူးဆိုတာ သိအောင်ပြောပြရမယ် မဟုတ်လား။

ခိုက် စံအိမ်ကိုရောက်တော့ အိမ်တော်ထိန်းက အပြေးအလွှာနဲ့ ဆီးကြိုလာသည်။ မိုးထိဘွားကတော့ ကားပေါ်မှာပဲ စောင့်ကျန်နေခဲ့သည်။ ခိုက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ပွဲတစ်ခုခုလုပ်ဖို့ စီစဉ်ထားပုံရတဲ့ ကော်နီပေါ်ကို ခိုက် နင်းလျှောက်ပြီး အိမ်ထဲဝင်လာသည်။ ဧည့်ခန်းထဲမဝင်ခင် လှမ်းမြင်နေရတဲ့ ထမင်းစားခန်းက အခင်းအကျင်းတွေကို ခိုက် တစ်ချက်လှမ်းကြည့်လိုက်သည်။

“ အဟက် ... သူများကို စိတ်အနှောင့်အယှက်ပေးထားပြီး ပါတီကျင်းပဖို့ စိတ်ကူးထားသေးတာလား ”

ခိုက် ဧည့်ခန်းထဲကို လျှောက်ဝင်လာလိုက်ပြီး ဆိုဖာပေါ်မှာ ပစ်စလတ်ခတ်ထိုင်ချလိုက်ပြီး ဆက်တီစားပွဲပေါ်ကို ခြေထောက်တင်ထားလိုက်သည်။ အိမ်တော်ထိန်းနဲ့ အိမ်တော်ဝန်ထမ်းတွေက မျက်နှာပျက်သွားကြပြီး တစ်ခုခုကို စိုးရိမ်နေတဲ့ပုံနဲ့ အပေါ်ထပ်ကို လှမ်းကြည့်နေသည်။

ခိုက်ကတော့ ဘာကိုမှ အမှုမထားပဲ ကုတ်အတွင်းအိတ်ထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီးရှိုက်ဖွာနေလိုက်သည်။ ဆေးလိပ်ပြာတွေကို ပြာခွက်ထဲမခြွေချပဲ ကြမ်းပြင်ပေါ်မှာသာ ပြန့်ကျဲစေသည်။ သိပ်မကြာခင်မှာပဲ အပေါ်ထပ်ကဆင်းလာတဲ့ ဖိနပ်သံနှစ်ခုကို ကြားလိုက်ရတာကြောင့် ခိုက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

“ ဒါက ဘယ်လိုအပြုအမူလဲ… သား ”

ခိုက် ထိုင်နေတဲ့အရှေ့ကို ဒယ်ဒီကရောက်လာပြီး မေးလာသည်။ ခိုက်က သောက်လက်စဆေးလိပ်ကို စားပွဲအစွန်းမှာ တင်လိုက်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now