Part 22

1.5K 133 9
                                    

အမောတကောနှင့် အတန်းထဲဝင်လာသော ချမ်းတို့အုပ်စုကို စာရွက်အထပ်လိုက်နှင့် စောင့်နေပါသော EC ။

“Roll No 112”

“ရှိ”

လက်ထောင်ပြီး ထူးလိုက်သည့် သူသည် မေပိုးဥ ဖြစ်နေသဖြင့် အကုန်လုံးက လှည့်ကြည့်ကြသည်။

အား!!! သေစမ်း .. မမ roll call တွေ ခိုးထူးပေးနေကြမလို့ အကျင့်ပါသွားတယ်။

သွားပါပြီ ငါ့ဘဝတော့။

“ခင်ချမ်းမြေ့ အဲ့တာ နင့်ခုံနံပါတ်မဟုတ်ဘူးလား”

“အင်း ဟုတ်တယ်”

ပုံ့ပုံ့ကို ပြန်ဖြေပြီး မေပိုးဥကို လှည့်ကြည့်လိုက်သည်။ ချွေးစို့လျက် တစ်တန်းလုံး၏ မျက်လုံးတွေကို ဘယ်လိုဖြေရှင်းရမလဲ အသည်းအသန်စဉ်းစားနေပုံပေါ်သည်။

မေပိုးဥနှင့် ချမ်းအခြေနေကို ကြည့်ပြီး အကင်းပါးသော နန္ဒာက လှစ်ခနဲ ပြုံးသည်ကို မျက်စိလျင်သောက ပုံ့ပုံ့က တွေ့ဖြစ်အောင်တွေ့လိုက်သည်။

‘ဘာလဲ’ ဟု မျက်ခုံးပင့်၍ မေး၏။75% ဟု ပါးစပ်လှုပ်ရုံ နန္ဒာအဖြေပေးလိုက်၏။

လတိုင်း ခင်ချမ်းမြေ့ တစ်ယောက်ထဲ ကွက်ပြီး Roll call ပြည့်နေသည့် တရားခံကိုသူတို့ အခုတော့ သိလေပြီ။

“EC 112 က ငါ”
လက်ထောင်လျက် ချမ်း ထလိုက်သည်။

“ဘာဖြစ်လို့လဲ”

EC သည် နောက်ဆုံးတန်းမှာ ထိုင်နေသည့် အေးရိပ်ကို မေးငေါ့ပြလျက် အဖြေပြန်ပေးသည်။

ချမ်း အေးရိပ်ကို လက်ညှိုးထိုးလျက် ‘သူလား’ ဟု အမူအရာဖြင့် ထပ်မေးလိုက်သည်။ EC ကလည်း ခေါင်းငြိမ့်လျက် ထပ်ဖြေသည်။

“သူ့ကို သင်ထားသမျှတွေ Short cut နဲ့ ရှင်းပြလိုက်”

“ငါကလား!!”

အလန့်တကြားမေးမိသဖြင့် ခင်ချမ်းမြေ့၏ အသံသည် ကျယ်သွား၏။

“အင်း”

“ဘာလို့ငါလဲ အတန်းထဲမှာ hyper တွေ အများကြီးရှိတာကို”

“ငါလည်း ပြောပါတယ် ဒါပေမယ့် ပါမောက္ခက အတန်း အမှန်ဆုံး တစ်ယောက်နဲ့ပဲ ချပေးလိုက်တဲ့ နောက်ပြီး နင်တို့ နှစ်ယောက်က အိမ်ချင်းလည်း နီးတော့ ပိုအဆင်ပြေတယ်တဲ့”

No ReasonWhere stories live. Discover now