Ficထဲမှာjiminကဒီလိုမျက်မှန်လေးနဲ့ပါ
ကော်ဖီဆိုင်မှာရန်ဖြစ်ပြီးတပတ်ကြာတဲ့အထိစကားမပြောကြသောJungkookနဲ့
Taehyungကြောင့်jiminမှာအပြစ်ရှိသလို
ခံစားရကာအနေခက်တာမို့သူငယ်ချင်းဖြစ်သူTaehyungကိုဘဲ့စပြီးပြန်ခေါ်ဖို့
ပြောရလေသည်။တကယ်တော့
သူပြောစရာတောင်မလိုအပ်ခဲ့ပါ....Jungkookကဟန်ယူရီကို
အဆက်သွယ်ဖြတ်လိုက်တယ်လို့
jungkookအခန်းဖော်တွေလာပြောကတဲကသူငယ်ချင်းနှစ်ယောက်ပြန်တည့်သွားကြကာ
အရင်လိုပုံမှန်စလိုက်နောက်လိုက်
ပြန်ဖြစ်သွားကြပြီမို့သူ့မှာစိတ်အေးသွားကာသက်ပြင်းချနိုင်တော့သည်။Jungkookကိုထပ်ပြီးစိတ်အနှောင့်ယှက်
မဖြစ်စေချင်လို့ဒီရက်ပိုင်း
Taehyungနဲ့တောင်အသွားအလာ
သိပ်မလုပ်ဘဲ့ရှောင်နေမိပေမယ့်
ညနေအချိန်ပိုင်းအလုပ်က
ပြန်ရင်တော့ကျောပိုးအိတ်ထဲက
banana milk
ဗူးလေးကတော့jungkookအတွက်
ကျေကျေနပ်နပ်သူလုပ်ပေးခဲ့သော
မပျက်မကွက်ဝတ္တရားတစ်ရပ်သာ....
ကိုယ့်အပေါ်အမြင်မကြည်
မုန်းတီးနေပေမယ့်တချက်လေးတောင်
စိတ်ထဲမညိုငြင်မိ....
Jungkookနဲ့တရားဝင်သူငယ်ချင်းဖြစ်မယ့်
တနေ့ကိုမျှော်လင့်ရင်းစိတ်ခံစားချက်
လေးတွေကိုemojiလေးတွေတပ်ကာ
သူပေးခဲ့သောbanana milk
လေးတွေသည်တော်တော်
ခရီးရောက်တယ်ပြောရမည်။
Jungkookမှာ
Banana milkပေးတဲ့သူကို
အရမ်းစိတ်ဝင်စားကာ
သိချင်နေတယ်လို့ကျောင်းသူတွေကြား
တိုးတိုးပြောနေသံများမှပြန်သိခွင့်ရခဲ့တော့
ကျနော့်မှာပျော်လွန်းလို့မျက်ရည်ပင်
ကျမိခဲ့သည်အထိ...ပျော်ရွှင်ရပေမယ့်
အရင်လိုအတင့်မရဲ,ရဲတော့....
သူများတွေသတိမထားမိအောင်
မနက်အချိန်လေးတွေကို
ပုံသေသတ်မှတ်မထားဘဲ့
Banana milkဗူးလေးတွေကို
သွားသွားထည့်နေရင်းစိတ်လှုပ်ရှားကာ
ရင်ခုန်ရသေးသည်။
ခြေလှမ်းတချက်မှားသွားရင်
ကျနော့်ဘဝကမတွေးရဲစရာ......
တကျောင်းလုံးလှောင်ပြောင်တာခံရမည့်
ထက်Jungkook ရဲ့ရွံ့ရှာမုန်းတီးတဲ့အကြည့်
တွေကိုကျနော်ပိုကြောက်တာမို့
ဒီအတိုင်းလေးဘဲ့jungkookနဲ့
ပတ်သတ်တဲ့ခံစားချက်တွေကို
တသက်လုံးဖုံးကွယ်သွားဖို့ဆုံးဖြတ်ရင်း
သူ့အပေါ်ထားရှိတဲ့ကျနော့်နှလုံးသားက
မျှော်လင့်ခြင်းနဲ့အရောင်တွေမပါခဲ့သော
အဖြူသက်သက်ဖြစ်တည်မှုလေးတခုသာ..
YOU ARE READING
အချစ်ဦးရဲ့အချစ်ဆုံး(Complete)
Kısa Hikayeကြယ်တွေကြွေသွားတိုင်း မ ပြောင်းလဲတဲ့ဆုတောင်းလေးတခုရှိခဲ့တယ်.. အချစ်ဦးရဲ့အချစ်ဆုံး သူသာ ဖြစ်ခွင့်ရချင်ပါ၏......