1 , 1 <Arc-1>

1K 49 2
                                    

Zawgyi

ထန်ကျွင့်ဟယ်သည် ယန်းရွှင်းကြောင့်ပင် ထန်ကျွင့်ဟယ်ဟု ကင်ပွန်းတပ်ခံခဲ့ရသည်။ ဤနာမည်ပေးခဲ့စဉ်က ထန်ကျွင့်ဟယ် မမွေးသေးပေ။ သို့သော် သူ၏ကံကြမ္မာကတော့ ယန်းရွှင်းနှင့် ဆက်စပ်နေခဲ့ပြီးဖြစ်၏။

သူ၏အမည်ကို ထန်ရှောင်းနျန်ကပေးခဲ့ခြင်းဖြစ်သည်။ ထန်ရှောင်းနျန် အသက်၂၀အရွယ်က ယန်းချန်ချွမ်းဆိုသူနှင့် ဆုံတွေ့ခဲ့သည်။ ထို့နေ့ကစ၍ ယန်းချန်ချွမ်းသည် သူမဘဝ၏ အကြီးမားဆုံးအမှားတစ်ခု ဖြစ်လာခဲ့တော့သည်။

မိသားစု၏ ကန့်ကွက်နေမှုများကိုငြင်းပယ်ရင်း သူမသည် ယန်းချန်ချွမ်းနောက်သို့ သုံးနှစ်တိုင်အောင် ဆင်ခြင်တွေးတောခြင်းမရှိ လိုက်ခဲ့သည်။ ထို့နောက်တွင်တော့ သူမသည် 'ဆန်စိမ်းအားထမင်းအဖြစ်ချက်ရန်' လက်ဉီးမှုယူလိုက်တော့သည်။

ထမင်းကျက်သည့်အခါတွင်တော့ ထန်ရှောင်းနျန်သည် B-mode ultrasound၏အဖြေအားယူကာ ယန်းချန်ချွမ်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် သွားရောက်ခဲ့သည်။ သိခဲ့ရသမျှကတော့ ယန်းချန်ချွမ်းသည် 'ယန်းကော်'လိုလူမျိုးမဟုတ်၊ 'ချန်ရှစ်မေ'လိုလူသာ ဖြစ်သည်ဆိုတာပင်။
『 T/N- လွယ်လွယ်ပြောရရင် 'လူကောင်းလို့ထင်ခဲ့သမျှက အမှားအယွင်းကြီးသာဖြစ်နေတယ်' ဆိုတာမျိုးပါ။ 』

ယန်းချန်ချွမ်းသည် တစ်စုံတစ်ဉီးနှင့် လက်ထပ်ထားပြီးသားဖြစ်ကာ သူတို့နှစ်ဉီးအတူနေထိုင်ပြီး ဒုတိယမြောက်နှစ်မှာပင် သူမက ကလေးတစ်ယောက်မွေးဖွားပြီးခဲ့တာဖြစ်သည်။ ထိုကလေးက လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် မွေးဖွားပြီးခဲ့ပြီဖြစ်၏။

ယန်းချန်ချွမ်း၏ယောက္ခထီးမှာ သူ၏ရာထူးတိုးခြင်းအပေါ် ချုပ်ကိုင်နိုင်သူဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ကွာရှင်းပြတ်စဲဖို့ရာအတွက် မတတ်သာခဲ့ပေ။

ထန်ရှောင်းနျန်သည် ဆေးရုံသို့ မျက်ရည်ကလေးတစမ်းစမ်းဖြင့်သွားခဲ့သည်။ လူတိုင်းမှာ ဆေးရုံကုတင်များပေါ်၌ ဆိတ်ငြိမ်စွာဖြင့် လဲလျောင်းနေကြ၏။

ထိုနေ့က သူမအား မည်သို့သောဆိုးယုတ်ခြင်းများ ကြီးစိုးနေခဲ့ပါသလဲမသိ၊ သူမသည် ကလေးအား မွေးဖြစ်အောင်မွေးမည်ဟုဆိုရင်း ရုတ်တရက်အတွေးပြောင်းကာ ဆုံးဖြတ်ချက်ချလိုက်သည်။

Paper Airplane「 纸飞机 」Where stories live. Discover now