3 , 2

218 43 0
                                    

Unicode

ယန်းရွှင်းမှာသတိလွတ်သွားပြီး သူ၏ခေါင်းထဲတွင် တဝီဝီမြည်သံများနှင့် ပြည့်နှက်လာတော့သည်။

အနီရောင်ရေပုံးလေးကိုကိုင်ထားသောလက်တွေက ချက်ချင်းပင်လျော့ကျသွားကာ၊ 'ဘုတ်'ခနဲမြည်သံနှင့်အတူ သူဖမ်းမိထားသမျှ ငါးသေးသေးလေးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေအကုန်လုံး ရေထဲပြန်ပြုတ်ကျသွားတော့၏။

ယန်းရွှင်းသည်ကား ၄င်းကိုဂရုစိုက်နေဖို့ အချိန်မရှိပါချေ။ သူက ​ကောင်လေးကိုဆုပ်ကိုင်ပြီး ကျယ်လောင်စွာနှင့်မေးလိုက်လေသည်။
" သူဘာဖြစ်သွားသေးလဲ?! သူဘေးကင်းရဲ့လား?! ဘာလို့သူက ရေထဲပြုတ်ကျသွားရတာလဲ!?"

" သွားကြည့်လိုက်လေ! "
ပြေးလွှားလာရသောကောင်လေးမှာ အသက်လုရှူနေရတာကြောင့် ဒူးထောက်ကျသွားလေသည်။

ယန်းရွှင်းသည်လည်း ချွေးစေးများပြန်လာကာ ရေထဲမှတက်လာလိုက်တော့သည်။ သူက ဖိနပ်တောင်မစီးအားပဲ ထန်ကျွင့်ဟယ်ဆီ တန်းတန်းမတ်မတ်ပြေးသွားလိုက်လေ၏။

" တိတိ! "
ယန်းရွှင်း၏အသံကား ဟိုးအဝေးကြီးကနေ ပျံ့လွင့်လာလေပြီး စိုးရိမ်မှုတို့ဖြင့်လည်းအပြည့်ပင်။
" မင်းအဆင်ပြေရဲ့လား?"

ထန်ကျွင့်ဟယ်မှာ သူ့ခေါင်းကိုငုံ့ထားပြီး မျက်ရည်တွေကိုတိတ်တိတ်လေးသုတ်နေသည်။ ယန်းရွှင်းအသံကိုကြားသည်နှင့် သူ၏မျက်ရည်အပြည့်နှင့်မျက်နှာလေးကိုမော့လိုက်ကာ အကွာအဝေးတစ်ခုလောက်ကနေ တဟုန်ထိုးပြေးလာနေသည့် ယန်းရွှင်းအား လှမ်းကြည့်လိုက်၏။

ရုတ်တရက် သူ့ခန္ဓာကိုယ်မှ တစ်ခုခုကိုခံစားမိသွားသည်ကြောင့် ထန်ကျွင့်ဟယ်မှာ မျက်လုံးတွေပေါက်ထွက်လုမတတ် ထ,ငိုမိပြန်လေသည်။

သူ၏နဖူးပေါ်တွင် ပြတ်ရှရာတစ်ခုရှိနေပြီး သွေးတွေကလည်း မျက်နှာဖြူဖြူလေးအပေါ် ရေပွက်ပမာစီးဆင်းနေသည်။ ကြည့်ရသည်မှာ အနည်းငယ်တော့ထိတ်လန့်စရာကောင်းလှ၏။

ယန်းရွှင်းသည် သူ၏တိတိလေးအနိုင်ကျင့်ခံထားရသည်ကိုတွေ့လိုက်ရသည်။ သူက လက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဘေးတွင်ရပ်ကြည့်နေသည့်ကောင်လေးတွေကိုအုပ်စုကိုစိုက်ကြည့်ကာ လှမ်းအော်လိုက်လေသည်။
" သူ့ကို ဘယ်သူအနိုင်ကျင့်တာလဲ?!"

Paper Airplane「 纸飞机 」Where stories live. Discover now