1 , 2

334 43 2
                                    

Zawgyi

တစ်ညသား ထန်ရှောင်းနျန်သည် ရီမုအားကိုင်ရင်း တီဗွီကြည့်နေခဲ့သည်။ ထို့နောက် Life Channelအား ဖွင့်ကြည့်မိ၏။

၎င်းတွင် စိတ်ပညာရှင်တစ်ဉီးက- တစ်ကိုယ်တည်းမိဘများနှင့်နေရသည့်ကလေးများသည် ရောဂါဘယတို့နှင့်ကြုံလွယ်ကာ ကိုယ့်ကိုကိုယ်လည်း အထင်သေးနေတတ်ပြီး အထူးသဖြင့် အရွယ်ရောက်လာသည့်အခါမျိုး၌ စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိလာတတ်သည်-ဟုဆိုကာ ယခုလက်ရှိ လူမှုပတ်ဝန်းကျင်အား သုံးသပ်နေလေသည်။

ပထမကတော့ ထန်ရှောင်းနျန်မှာ သိပ်ပြီးအတည်မယူထားသော်လည်း နောက်ပိုင်းတွင် ထန်ကျွင့်ဟယ်အားလေ့လာဖို့ ကြိုးစားခဲ့သည်။

သူမပိုပြီးလေ့လာလေလေ၊ ထန်ရှောင်းနျန်သည် ထိုအဖြစ်အား သိမြင်လာလေလေဖြစ်၏။ ထန်ကျွင့်ဟယ်၊ ဤကလေးသည် လူတွေနှင့်စကားပြောရသည်ကို သိပ်သဘောတွေ့ပုံမရ။

အခြားမိသားစုများမှ ကလေးများမှာ ရွှံ့နွံတွေထဲဆော့ကစားပြီး အိမ်ပြန်ရောက်သည့်အခါ သူတို့၏မိဘများထံမှ မလွဲမသွေအရိုက်ခံကြရလိမ့်မည်ဖြစ်သည်။ သို့သော် ထန်ကျွင့်ဟယ်ကတော့ ထိုကလေးတွေနှင့် လုံးဝသွားမဆော့ခဲ့ပေ။ သူက တစ်ယောက်တည်းဆော့ရသည်ကိုသာနှစ်သက်ပြီး ထန်ရှောင်းနျန်အား အပူကပ်ရသည်ကို သဘောကျ၏။

သူမ ထင်မထားခဲ့သည်က ထန်ကျွင့်ဟယ်ဟာ ဘယ်လိုနည်းနဲ့မှ အခြားကလေးတွေနှင့် ဆော့ချင်စိတ်မရှိသည်ဆိုတာကိုပင်။ ကောလဟာလတို့မှာ ထိုကလေးများဆီသို့ ပျံ့နှံ့သွားပြီး ဤအဖြစ်ကပင် ကျွင့်ဟယ်အား တစ်ကိုယ်တည်းကျန်ရစ်နေစေခဲ့သည်။

ထန်ရှောင်းနျန်သည် ထန်ကျွင့်ဟယ်၏မသက်မသာဖြစ်မှုတို့က ဖခင်မရှိပဲနေလာရသည်ကြောင့်ဟူ၍ မှတ်ယူလိုက်၏။

အတော်လေးစဉ်းစားပြီးသည့်နောက် သူမမှာ အကြံကောင်းတစ်ခု ရလာခဲ့သည်။ ယန်းချန်ချွမ်းက သူ့မိန်းမဟာ အလယ်တန်းပြဆရာမတစ်ဉီးဖြစ်ကြောင်းနှင့် မကျန်းမမာဖြစ်နေ​တာကြောင့် သူမ၏မိသားစုဆီသို့ နွေရာသီအတွင်းပူပြင်းမှုမှလွတ်မြောက်ရန် သွားလည်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်ကို သူမ သတိရလိုက်သည်။

Paper Airplane「 纸飞机 」Where stories live. Discover now