3 , 3

285 36 2
                                    

Zawgyi

ထိုညက ယန်းချန်ချွမ်းသည် ထန်ကျွင့်ဟယ်နဖူးပေါ်ရှိ ပတ်တီးစထူထူအား မြင်သွားခဲ့၏။

မည်သည်ကြောင့်ဟူသည်ကို သိရှိသွားခဲ့ပြီးနောက် သူသည် ယန်းရွှင်းအား လည်ပင်းကနေတောင် လိမ်ချိုးပစ်ချင်နေခဲ့ပြီးထိုကလေး၏တင်ပါးတွေအားရိုက်ပုတ်နေခဲ့သည်။ သူက ယန်းရွှင်းအား ဆူပူမာန်မဲလိုက်၏။
" နောက် မြစ်ကမ်းဘေးကိုသွားဆော့ဉီးမှာလား?! အဲဒီဆီ မင်းရဲ့တိတိကိုခေါ်သွားတယ်လို့ ငါထပ်သိရတာနဲ့ ဘာလုပ်မလဲဆိုတာသိထားကွ!"

ယန်းရွှင်းက စကားမပြောခဲ့။ အရိုက်ခံနေရစဉ် မျက်ရည်မကျအောင်သာ တင်းခံနေသည်။

ထို့နောက်တွင်တော့ ညစာနှစ်လုတ်လောက်သာစားပြီး သူ့အခန်းဆီသို့ စိတ်ဆိုးမာန်ဆိုးနှင့်ပြန်ဝင်သွား၏။ သူ့ပါပါးက သူ့အပေါ် ဘာလို့များအရမ်းတွေစိတ်ဆိုးနေရသလဲ၊ သူမသိပါချေ။

ယန်းရွှင်းထသွားပြီးသည်နှင့် ကျွင့်ဟယ်မှာ စားဖို့ရန်အတွက် စိတ်ပါမနေတော့။ ခေါင်းလေးကို ခဏခဏလှည့်ကြည့်နေရင်း သူ့စိတ်တွေက အစားအသောက်ဆီမှာထက် အနောက်ဘက်ရှိ ပိတ်ထားသောတံခါးဆီကိုသာ ပျံ့လွင့်နေလေသည်။

ယန်းချန်ချွမ်းသည် စားစရာလေးများအား ထန်ကျွင့်ဟယ်ပန်းကန်ထဲ ထည့်ပေးပြီး အပြစ်တင်နေသည့်လေသံဖြင့်ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် မင်းရဲ့ကိုကိုက အမှားလုပ်ထားတာပဲ၊ သူ့ကိုစိတ်ပူမနေနဲ့၊ စားစရာရှိတာဆက်စား "

ထန်ကျွင့်ဟယ်မှာ သူ့ခေါင်းလေးကိုငုံ့ပြီး စိတ်ရှုပ်ထွေးစွာနှင့် မပွင့်တပွင့်ပြောလာသည်။
" ကိုကိုကသားကို မြစ်ဘက်ဆီခေါ်သွားချင်ခဲ့တာမဟုတ်ပါဘူး၊ သားကသာ သူနဲ့လိုက်ချင်လို့ဂျီကျနေခဲ့တာပါ "

ယန်းချန်ချွမ်းသည် သူ့ဆီကထိုစကားမျိုးတွေကြားရမယ်လို့ ထင်မှတ်မထားခဲ့။ သူခမျာ မရယ်နိုင် မငိုနိုင်ပင် ဖြစ်သွားရ၏။

အံ့အားသင့်ဖွယ်ရာဖြင့် မွေးကတည်းကနေယခုအထိ ရက်ပေါင်းနှစ်ဆယ်လောက်သာအတူနေခဲ့ဖူးသော သူ၏သားနှစ်ယောက်သည် တစ်ယောက်အပြစ်ကိုတစ်ယောက်ခံယူနေကြ၏။

Paper Airplane「 纸飞机 」Where stories live. Discover now