2 , 1

230 38 3
                                    

Unicode

နောက်မနက်တွင်တော့ ထန်ကျွင့်ဟယ်မှာ မျက်လုံးများကိုမဖွင့်ရသေးသည့်တိုင် ပါးစပ်ထဲတစ်ခုခုရောက်နေသည်ကို ခံစားမိ၏။ ညကတည်းက ဘာမှမစားပဲအိပ်ပျော်သွားခဲ့သည်ကြောင့် ယခုအချိန်တွင် သူ့အစာအိမ်လေးက ဟောင်းလောင်းဖြစ်နေသည်လေ။

သူက သူ့မိခင်ထန်ရှောင်းနျန် လာကျွေးသည်လို့ပဲ ထင်လိုက်ကာ မျက်လုံးပိတ်ထားရင်းနဲ့ပဲ နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။

ရုတ်တရက်၊ သူ၏မျက်နှာမှာ အချဥ်ဓာတ်ကြောင့် ရှုံ့တွသွားရတော့သည်။

ထန်ကျွင့်ဟယ်သည် ချက်ချင်းပင် မျက်ရည်များတစ်ပေါက်ပေါက်ကျလာပြီး ပါးစပ်ထဲက စပျစ်ချဥ်တွေကိုလည်းထွေးထုတ်လိုက်သည်။ နောက်ပြောင်မှု၏တရားခံ ယန်းရွှင်းမှာ သူ့မျက်နှာကိုဘေးမှထိုင်ကြည့်ပြီး ရွှင်လန်းစွာဖြင့် ထ,ရယ်တော့သည်။

ယန်းချန်ချွမ်းသည် ဝတ်စုံနှင့် နက်ခ်တိုင်အားဝတ်ဆင်ပြီး မထွက်ခွါမီမှာပဲ ကလေးနှစ်ယောက်ရဲ့အခန်းကိုလှမ်းကြည့်လိုက်သည်။ ကလေးနှစ်ကောင်ကတော့ တငိုငို တရယ်ရယ်ဖြင့်ပင်။ ဤမြင်ကွင်းမှာ သူ့အားခေါင်းကိုက်သွားစေ၏။

သူက အလုပ်သွားဖို့အလျင်လိုနေပြီး ဝင်ရောက်ဖျန်ဖြေသူလုပ်ဖို့လည်း အချိန်မရှိပေ။ ယန်းရွှင်းကိုသာ အလောတကြီးဖြင့် လှမ်းဆူလိုက်၏။

" ယန်းရွှင်း၊ ညီလေးကိုအနိုင်မကျင့်ရဘူးလေ! မြန်မြန်ထပြီး သူမျက်နှာသစ်ဖို့နဲ့ မနက်စာစားဖို့ ကူပေးလိုက်! "

ယန်းရွှင်းမှာ လူးလှိမ့်ပြီး ထပ်တလဲလဲအော်ရယ်တော့သည်။

" သား, သား သူ့ကို ခုလေးတင်ပဲနှိုးနေတာ မရလို့လေ...အဲ့ဒါကြောင့် သူ့ပါးစပ်ထဲကို စပျစ်ချဥ်သီးတွေ သိပ်ထည့်ပေးလိုက်တာ ဟား ဟား ဟား သူကအရမ်းကို ပျော့ညံ့တာပဲ ဟား ဟား ဟား... "

သူဘာအမှားများလုပ်ခဲ့မိလဲ ထန်ကျွင့်ဟယ်မသိပါချေ။ သူထင်တာတော့ ထန်ရှောင်းနျန်ဟာ သူ့ကိုအပြစ်ပေးခံရရန်အတွက် ဒီနေရာကိုပို့လိုက်တာလို့ပင်။

Paper Airplane「 纸飞机 」Where stories live. Discover now