5 , 1

580 49 3
                                    

Zawgyi

တစ်ပတ်လုံးနီးပါး ယန်းရွှင်းသည်သူ့ရဲ့ ထို မိသားစုဆိုတဲ့ဟာကြီးမရှိပဲ ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်နေခဲ့၏။

တစ်ဖက်မှာလည်း ယန်းချန်ချွမ်းက သားအမိ၂ယောက်၏ကိစ္စအရပ်ရပ်အား အလွန်အမင်းစိုးရိမ်ပူပန်နေခဲ့လေသည်။

ထို့ကြောင့် သူက ထန်ကျွင့်ဟယ်အား အခွင့်အလမ်းပေါင်းများစွာကို အပြည့်အဝလွှဲအပ်ပေးပြီး ထန်ရှောင်းနျန်ကိုလည်း အိမ်နဲ့သိပ်မဝေးသည့် လူထုအဖွဲ့အစည်းတစ်ခုတွင် အလုပ်ပိုတစ်ခု ပေးခဲ့သည်။

ထန်ရှောင်းနျန်က ဤှသည်အပေါ် ဘာငြင်းဆိုချက်မှမရှိသလို၊ ယန်းချန်ချွမ်းက သူတို့အားစီမံပေးသည့်ဘဝသစ်ကို လက်ခံလိုက်လေသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမက အိတ်ကိုလွယ်ပြီး အလုပ်ထွက်လုပ်လေတော့သည်။

သူ့အမေထန်ရှောင်းနျန်က ဒါကိုအရင်တုန်းက သဘောမကျခဲ့သည်အား ထန်ကျွင့်ဟယ်မှတ်မိပါသေးသည်။

သူမငယ်ငယ်က၊ ယန်းချန်ချွမ်း ပိုက်ဆံလာပေးသည့်အချိန်တိုင်း ထန်ရှောင်းနျန်သည် ပထမဆုံးအနေနှင့် ၄င်းကိုလှမ်းယူလိမ့်မည်။ ထို့နောက်တွင်တော့ သူ့(ယန်ချန်ချွမ်း)မျက်နှာအား ခပ်ပြင်းပြင်း ပစ်ပေါက်မှာဖြစ်၏။

နောက်ပိုင်းတွင်မူ ယန်းချန်ချွမ်းမှာလည်း သူ့အမှားတွေထံမှ အထာနပ်လာခဲ့သည်။ သူက ထန်ရှောင်းနျန်အားအပြင်သို့ခေါ်မထုတ်မီ ပိုက်ဆံတွေကို တံခါးနားမှာရှိတဲ့ခြေသုတ်ဝတ်အောက်မှာ တိတ်တိတ်ကလေးဖွက်ထားခဲ့သည်။

ထို့နောက်တွင်တော့ အရာအားလုံးအဆင်ပြေနေမှာပဲဟု သူထင်မိခဲ့သည်။ သို့ကြောင့် နောက်တစ်ကြိမ်ထပ်မလာခင် တစ်ရက်လောက်စောင့်ဆိုင်းနေလိုက်၏။

ထန်ရှောင်းနျန်က တံခါးကိုခပ်ဖြည်းဖြည်းကလေးဖွင့်လာသည့်အခါ လက်တစ်ဖက်က ဆန့်ထွက်လာခဲ့လေသည်။ ပြီးနောက် ယန်းချန်ချွမ်း၏မျက်နှာတည့်တည့်အား ပိုက်ဆံအထပ်လိုက်ဖြင့် ပစ်ပေါက်လေတော့၏။

၎င်းမှာ ကျိန်းသေလှသည့်ပွိုင့်တစ်ခုဖြစ်သွားပုံရကာ ယန်းချန်ချွမ်းက ထန်ရှောင်းနျန်မှာ ဘာရွေးချယ်မှုမှမရှိတော့ပဲ တိတ်တိတ်ကလေးလက်ခံလိုက်မည့်အချိန်ထိ ပို၍ပို၍များသောငွေတွေကို ပေးကမ်းလေတော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 28, 2021 ⏰

Add this story to your Library to get notified about new parts!

Paper Airplane「 纸飞机 」Where stories live. Discover now