Zawgyi
ထိုဖြစ်ရပ်အပြီးတွင်တော့ ထန်ကျွင့်ဟယ်သည် ယန်းရွှင်းအား တွယ်တာစပြုလာသည်။
သူ၏မွေးဖွားရာဖြစ်သည့်၊ မနေ့ကဖြစ်ပွါးခဲ့သော စိတ်ပိုင်းဆိုင်ရာအရိပ်ကြီးနှင့်ယှဉ်တွဲနေသည့် 'ရွင့်ချန်'အား ရင်းနှီးမှုမရှိသောထန်ကျွင့်ဟယ်သည် ယခုတွင်တော့ ယန်းရွှင်းဘေးက ခွါမရတောင်ဖြစ်နေသေး၏။
နှစ်ဉီးသားမှာ အသက်တစ်နှစ်သာကွာသည်ဖြစ်သော်လည်း ယန်းရွှင်းက ကျွင့်ဟယ်ထက် အတော်လေးကြီးပုံပေါ်သည်။ ထန်ကျွင့်ဟယ်သည် သူ့အသက်အရွယ်ကလေးတွေထက် ဖွံ့ဖြိုးမှုနောက်ကျသည်။ သူစိမ်းတွေနဲ့ဆိုရှက်တတ်ပြီး စကားလည်းမတတ်။
ယန်းရွှင်းကတော့ တခြားကလေးတွေထက် ပို၍ထင်ပေါ်သည်။ ငယ်ငယ်တည်းကပင် သူ၏တည်ရှိမှုသည် အနီးအနားရှိကလေးတွေကြား အခိုင်အမာထိုးထွင်းနေခဲ့ပြီးဖြစ်၏။ ရွယ်တူတွေထက် အရပ်လည်းပိုရှည်ကာ ခြေတံတွေကလည်း ရှည်ရှည်၊ ဖြောင့်ဖြောင့်နှင့်ဖြစ်သည်။ သူ စ,ပြီးပြေးလိုက်တာနှင့် ပုံရိပ်ကလေးက အလျင်အမြန်ပျောက်ပျက်သွားမည်ပင်ဖြစ်သည်။
『 T/N- 'ခြေတံတွေရှည်လွန်းလို့ အပြေးမြန်ပြီး၊ ခဏလေးနဲ့အဝေးကြီးကိုရောက်သွားမှာ'လို့ဆိုလိုတာပါ』ပထမအကြိမ်တွေ၌ ထန်ကျွင့်ဟယ်သည် ယန်းရွှင်းနှင့်အပြင်ထွက်ကစားခဲ့သော်လည်း သူ၏ကိုကိုအား အချိန်အတော်ကြာထိ အထိတ်တလန့်လိုက်ရှာနေရခြင်းဖြင့် အမြဲတမ်း အဆုံးသတ်ခဲ့ရသည်။
နောက်ပိုင်းမှာတော့ ယန်းရွှင်းက တခဏလောက်လျှောက်ပြေးပြီးတာနှင့် သူ့ကိုရှာဖို့ပြန်လာမှာမှန်း သိသည့်အတွက် ထန်ကျွင့်ဟယ်သည် နာခံစွာဖြင့်ငြိမ်ငြိမ်လေးရပ်နေကာ ယန်းရွှင်းပြန်လာမည်အား စောင့်နေလိုက်တော့သည်။
ထန်ကျွင့်ဟယ်၏ဆံသားလေးတွေသည် ပျော့ပျောင်းနူးညံ့လျက်ရှိကာ၊ သူ့မျက်နှာကလည်း ဖြူဖြူဝင်းဝင်း ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်သည်။ ယန်းရွှင်းမှာ သူ့လက်ဖဝါးညစ်ညစ်ပတ်ပတ်ကလေးတွေနှင့် အမြဲတမ်းထိလေ့ရှိသည်။ ကစားလို့အပြီး သူ့မျက်နှာကသန့်ရှင်းနေကာ ထန်ကျွင့်ဟယ်ကတော့ ဖုန်တွေသဲတွေအပြည့်နှင့်ကလေးလေးဖြစ်သွားရရှာသည်။
YOU ARE READING
Paper Airplane「 纸飞机 」
General FictionAssociated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras