4 , 2

229 37 4
                                    

Zawgyi

တံခါးမှာ အကန်ခံရပြီး ပွင့်လာလေသည်။ အားကသိပ်မပြင်းထန်သော်ငြား ထိုကန်ချက်ထဲတွင် စိတ်ခံစားမှုပေါင်းများစွာ ပါဝင်နေ၏။

' ဘမ်း 'ခနဲ အသံကျယ်ကြီးအား ထန်ကျွင့်ဟယ်ကြားလိုက်ရသည်။ သူလှမ်းကြည့်လိုက်သည့်အခါ လူငယ်တစ်ဉီးကို တွေ့လိုက်ရ၏။

တိတိကျကျပြောရလျှင် တံခါးဘောင်ပေါ်မှီရပ်နေသောလူငယ်သည် ခေါင်းမော့ပြီး သူ့အကြည်တွေနှင့်ဆုံလာလေသည်။ ထန်ကျွင့်ဟယ် ရှိုးတိုးရှန်းတန်းပင် ဖြစ်မသွားမိခဲ့။

လူငယ်က အရပ်မြင့်မြင့်နှင့် ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ သူ့ကြည့်ရတာ ၁၈၀စင်တီနည်းနည်းကျော်ကျော်လောက် အမြင့်ရှိ၏။

ကြွက်သားတောင့်တောင့်နှင့်မဟုတ်သော်လည်း ဤရာသီဥတုအေးအေးမှာ သူက ချည်သားကုတ်အင်္ကျီပါးပါးကလေးကိုသာ ဝတ်ဆင်ထားသည်။ ၄င်းက အောက်ဘက်တွင် စူစူဖြိုးဖြိုးအရိုးတွေကို ဖုံးအုပ်ထား၏။

အအေးဓာတ်သည်ကား မီတာပေါင်းများစွာအကွာအဝေးကိုဖြတ်ကျော်လာသလိုပင် ထင်ရ၏။

သူ့တွင် ခပ်နက်နက်မျက်ဝန်းတွေရှိပြီး ၄င်းက ရေခဲတမျှအေးစက်စူးရှသည့် တလက်လက်အရောင်တွေ ပါဝင်နေပုံပေါ်သည်။

လူငယ်က သေချာကြည့်နေပြီးတဲ့နောက် သူ့နှုတ်ခမ်းတွေကိုအသာဟလိုက်ကာ ကွဲပြားသည့်လေသံဖြင့် ပြောလာသည်။
" မတွေ့ရတာတောင် ကြာပြီပဲ "

ထန်ကျွင့်ဟယ် ပြန်မဖြေပဲ သူ့ကို ဗလာသက်သက်ဖြင့်ကြည့်နေမိသည်။

လူငယ်က သူ့နှုတ်ခမ်းထောင့်တွေကိုကော့တက်စေပြီး အထင်သေးသည့်အပြုံးတစ်ခုကိုဖော်ဆောင်လိုက်သည်။ ထို့နောက်တွင်တော့ သူက တံခါးဘောင်ကိုမှီထားရာကနေ ပြန်မတ်လိုက်ပြီး နောက်ထပ် ' ဘမ်း 'ဟူသည့်အသံနှင့်အတူ ဆောင့်ပိတ်လိုက်လေသည်။

သူ့နောက်ကလိုက်လာသောယန်းချန်ချွမ်းမှာ ချက်ချင်းပဲ ကုတ်အင်္ကျီကိုချွတ်ပြီး အင်္ကျီချိတ်ပေါ် ချိတ်လိုက်ကာ တစ်ဖက်ကနေလည်း ထန်ကျွင့်ဟယ်အား နှုတ်ဆက်လိုက်သေး၏။
" ကျွင့်ဟယ် ဗိုက်ဆာနေလား၊  လာ စားကြရအောင်၊ အယ်? ရွှင်း ဘယ်မှာလဲ၊ သူအရင်ရောက်လာတာမဟုတ်ဘူးလား  "

Paper Airplane「 纸飞机 」Where stories live. Discover now