"တော်ပါပြီဗျာ "
"မတော်ပါနဲ့ဟယ်"
"တော်ပြီဗျာ"
"မတော်ပါနဲ့ဟယ်"
"တော်ပါပြီဆိုဗျာ"
ဂေါက်!
"အော်ဟဲ့ ဗြောင်ဘတ်ဟျွန်းရယ် ငါနှယ့် စိတ်မရှည်တော့ဘူး ပြောစမ်းပါ့ဟဲ့"
ခေါင်းတခါခါ တရမ်းရမ်းလုပ်ပြီး တော်ပါပြီဇွတ်လုပ်နေတဲ့ ကောင်စုတ်လေးကို ခေါင်းတချက် ခပ်ဆတ်ဆတ်ခေါက်ကာ ပြောလိုက်တော့
"ဟာဗျာ ဒီအပျိုကြီးကလဲဗျာ သူများအကြောင်း စပ်စပ်စုစုအတော်သိချင်"
"ဟဲ့ နင် တနေ့လယ်လုံး ငါ့လာထိုင်ပြောပြနေတာ တရွာလုံးကလူအကြောင်းစုံနေပြီ ငါ့အကြမ်းရည်နဲ့မုန့်လဲကုန်လုပြီ အခုလူပျိုကြီးဂျောင် အကြောင်းမှ ဈေးလာကိုင်နေ"
အကြမ်းရည်သောက်ကာ သူမကျေနပ်တာ ပြောလာတဲ့ အပျိုကြီးယွန်ကိုကြည့်ပြီး ကျေနပ်ဟန်နဲ့ တချက်ပြုံးလိုက်ကာ
"အဲ့လောက်သိချင်မှဖြင့်ရင်လဲ ဒီလိုဗျာ"
"အေးဟဲ့ မြန်မြန်ပြော"
မျက်လုံးအရောင်တို့ တလက်လက်တောက်ပသွားတဲ့ အပျိုကြီးနားတိုးကာ ခပ်တိုးတိုးဆိုလိုက်သည်
".××××××××."
"ဟမ် ဟုတ်လို့လားဟယ်"
"တကယ်ပါဆိုဗျာ သူလာရင် ကြည့်ကြည့်"
"အေ အေးးပါ"
***********************
"အမကြီးယွန် အမကြီးယွန်"
"အကိုဂျောင်ပဲ ကြွပါရှင်"
"ဟို ဦးကြီးရှိလားဗျ"
"အဖေ ရွာထဲသွားတယ်တော့ ခနနေပြန်လာမယ်ထင်ပါ့ အကြမ်းရည်လေးသုံးဆောင်ပါဦး"
ဟန်မူယာ နွဲ့နှောင်းစွာနဲ့ အကြမ်းရည်ပန်းကန်ကို ရှေ့သို့အရောက်ချကာ ဧည့်ခံလိုက်သည်
*ဟယ် ဟယ် ဗြောင်ပုစိပြောတာမှန်ပါ့ မှန်ပါ့
ပါးမို့မို့တို့ နီသွမ်းသွေးသည်ထိ စိတ်ကူနဲ့ရှက်သွေးဖြာနေပါသော အပျိုကြီး
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...