1.1K 162 4
                                    

"ကျနော်ကတော့ ဒီနှစ်မိုး မရောက်ခင် လမ်းမြေဖို့တာကို အမြန်လုပ်ချင်သဗျာ ဒီက ဝိုင်းဝန်းကူညီဦးဆောင်ပေးကြမဲ့ ဦးလေးတို့ သဘောလေးလဲ သိချင်ပါ့"

ဝိုင်းဖွဲ့ကာ ထိုင်နေကြတဲ့ စကားဝိုင်းမှာ အားလုံးက တိတ်ဆိတ်ကာ အကြမ်းရည်သောက်ရင်း အမြည်းစားရင်းနှင့် သူကြီးရဲ့ အပြောကို အာရုံစူးစိုက်ကာ နားထောင်နေကြသည်

"‌ဦးလေးတော့ သူကြီးသဘောပါပဲ အဲ့လိုကပိုအဆင်ပြေမယ်ပဲတွေးမိတယ်"

"ဟုတ်တယ် မိုးတွင်းကျ မိုးလာ လေလာနဲ့ လမ်းခင်းရာမှာ အနှောက်ယှက်ဖြစ်နေမယ်"

ဦးလေးဗြောင်နဲ့အတူ ထောက်ခံပြောဆိုသူအချို့ကြောင့် လူကြီးအတော်များများ ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံကြသည်

"ဒါဆို သိပ်မကြာခင် ရက်တွင်း စ,ကြတာပေါ့ဗျာ"

"သူကြီး ကုန်ကျစရိတ်ကကျ"

"ဒီ့အတွက်မပူပါနဲ့ မနှစ်ကတည်းက တစတစကောက်ထားတဲ့ ရန်ပုံငွေတွေလဲရှိသလို ဒီလမ်းခင်းနေတဲ့အတောအတွင်းလဲ တတ်အားသလောက် ထည့်ဝင်ကြဖို့ အလှူခံဦးမယ် စဉ်းစားထားပါတယ်"

"ဒါမို့လဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူကြီးအဖြစ် သူကြီးအဖေက စိတ်ချခဲ့တာပေါ့ဗျာ မြှော်မြင်တတ်ပါပေ့"

"သူကြီး ကျုပ်သမီးလဲ သူကြီးနဲ့ရွယ်တူပါ့နော်"

ချန်းယောလ် ခပ်ပြုံးပြုံးပင်

"ရွယ်တူလဲ ရွယ်တူပေါ့ဗျာ ကျ‌နော့်အသဲက အပိုင်ယူသူရှိပြီးသားဗျ"

"ဟာဗျာ ကျုပ်တော့ နောက်ကျသွားပြီးပဲ "

"ဟားဟားးးဟားးး"

ဒီလိုပါပင် ဝိုင်းဖွဲ့ဆွေးနွေးကြတိုင်း တယောက်မဟုတ်တယောက် သူတို့သမီးနဲ့ စပ်ဟပ်ပေးကာ စကားခေါ်နေကျ.....အဲ့လိုအခါတိုင်းလဲ အငြင်းစကားတို့က ဆိုရနေကျပင်....ခြေလှမ်းသွက်သွက်နှင့် ချစ်ရသူဆီအရောက် အမြန်လှုပ်ရှားနိုင်တော့မှ ဒီလိုစကားကမ်းသူတွေလက်ကလွတ်ပေတော့မည်

*************************

"ဟာ သူကြီးလေ ဟီးဟီးးး"

"သူကြီးလေး ယုံကြည်တယ်နော်"

ဒီမှာ သူကြီး!!!Where stories live. Discover now