"သူကြီး!""ဟ စောစောစီးစီး ဗြောင်ဘတ်ဟျွန်းပါလား လာ,လာ"
မျက်နှာသစ်ပြီးခါစ မနက်စာစားဖို့ပြင်နေတုန်း ကိုယ့်ကိုဟစ်ကြွေးကာ ခြံထဲဝင်လာသူကြောင့် ပင့်ဆောင်လိုက်ရသေးသည်
"ဒီမှာဗျာ ကျနော့်အဘ စကားပါးလိုက်လို့"
ကြီးကြီးကျယ်ကျယ် စားပွဲမှာ ဝင်ထိုင်ကာ လူလိုသူလို တည်တည်တန့်တန့်ပြောလာတဲ့ပေါက်စကြောင့်
"ဟ ဘာများလဲ"
"အယ် မနက်စာလား"
ပြောစရာရှိတာ မပြောပဲ ကိုယ့်ရှေ့က ထမင်းပဲပြုတ်ကြော်ကို အရောင်လက်လက်ထ,နေတဲ့ မျက်ဝန်းတွေနဲ့ လာငမ်းနေတာကြောင့်
"အေး မနက်စာစားခဲ့ပြီမို့လား"
တမင် အပိတ်မေးခွန်းမေးထည့်လိုက်သော်လဲ
"အိုဗျာ သူကြီးက ကျွေးမှတော့ စားခဲ့လည်း မငြင်းရဲပါဘူးဗျာ ကြီးကြီးပတ် ကျနော်လဲစားမယ်နော်"
ဘေးကပ်ရက်လောက်က မီးဖိုချောင်မှာပြင်နေတဲ့ အမေ့ကိုပင် လှမ်းအော်ဒါတက်လိုက်သေးသည်
မလွယ်ဘူး မလွယ်ဘူး ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့တဲ့ကလေးမို့ အမေတို့ကပါ ခင်မင်လွန်းမက တုန်နေအောင် ချစ်ကြသေးတာ
"ရတာပေါ့တော် ဗြောင်ပုစိလေး အဝစားနော် ကြီးကြီးပတ် မနေ့ကထမင်းကြမ်းတွေ ပိုတာနဲ့ ရှယ်ကြော်ထားတာ"
"ဟိဟိ ဆွဲပြီပဲဗျာ "
အမေနဲ့ပါ အပေးအယူကိုက်နေသောသူကြောင့် သူကြီးပတ်ချန်းယောလ်တို့ ဝင်ပါဖို့ နေရာပင်မရှိ
"စားလေ ဘာလာကြည့်နေတာလဲ"
"ဘာ!"
သူများအိမ်လဲ လာစားသေးတယ် မခန့်လေးစားနဲ့ ဟိန်းလားဟောက်လား ဒီကလေး ငါလုပ်လိုက်လို့
"အော် သုံးဆောင်ပါလို့ သူကြီးရဲ့"
"ဒီမယ် မင်းအခု ရောက်နေတာ ငါ့အိမ်နော်"
"သိတယ်လေဗျာ အာ မနေ့ကလေ ဘကြီးကင်မ်ကို လမ်းမှာတွေ့လိုက်တယ်"
"အဲ့တော့"
"ဟိုလေဗျာ သူကြီးအိမ်ကို ဘဲသားခြောက်လာပို့တာဆို"
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...