"၁
၂
၃""စိတ်ပါ လက်ပါလုပ်"
"ချီး စိတ်ပါနေ"
"ဟ ရိုင်းလှချည်လား အိုခေလေ ပလက်၅၀၀ ပေါင်း၁၂၀၀ လုပ်အခု"
နားရွက်မှာ ချိတ်ထားတဲ့လက်တို့ကို ဖြုတ်ကာ တစ်ဖက်နဲ့တစ်ဖက် ပွတ်တိုက်ရင်း ခြေချိတ်ထိုင်နေတဲ့ ချန်းယောလ်နား တိုးသွားကာ
"သူကြီးရယ် သေချာစဉ်းစားပါဦး ပုစိရဲ့လေ ဒီခြေထောက်သေးသေးလေးတွေက အဲ့လိုအများကြီး ထိုင်ထ လုပ်လိုက်ရင် ညောင်းပြီး နာသွားမှာပေါ့လို့"
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာပြောနေတဲ့ကောင်လေးကို ဆက်သာကြည့်နေရင် ချစ်စိတ်တို့သာပြည့်နှက်လာမည်မို့
"သွား သွား ဘာမှ စဉ်းစားစရာမလိုဘူး အခုစလုပ်"
ဗြောင်ပုစိတို့ ဆူပုတ်ပုတ်နဲ့သာ ထိုင်ချည် ထချည် လုပ်နေရတော့သည်။ အဲ့ သူကြီးသူငယ်ချင်းဆိုသူ ကင်ဂျုံအင်ကိုလဲ စိတ်ထဲကျိန်ဆဲ မပြတ်ပေ။ ဒင်းကြောင့် သူဖြန့်ဝေတဲ့ စာရွက်အကြောင်းသူကြီးသိကာ မနက်စောစောစီးစီး ဒီလို အပြစ်ပေးခံနေရခြင်းပင်
"၆၁၁
၆၁၂
၆၁၃
အင့်"ဖင်ထိုင်ရက်ပင် ထိုင်ကျသွားသူကြောင့် ထိုင်နေရင်းကပင် ချန်းယောလ် ထကာသွားထူလိုက်ရသေးသည်။
"သူကြီး တကယ် တကယ် နောက်မလုပ်တော့ပါဘူးဆိုဗျာ"
သူ့ခြေထောက်သူ ထုကာနှက်ကာ ရှုံ့မဲ့မဲ့နဲ့ ပြောနေသူကြောင့်
"မင်းက ဆိုးတာကိုကွ"
"ဟ သူကြီးအသားပဲ့သွားလို့လား"
"မပဲ့ပေမဲ့"
မဲ့ခွက်ခွက်နဲ့ သနားကမားမျက်နှာသွင်ပြင်လေးကြောင့်
"ကဲကွာ ၁၀၀၀ထိပဲလုပ်"
"သူကြီး!"
"ဟ ဘာလဲ လျှော့ပေးပြီကို အော်နေ"
"ချစ်တယ်ဆို"
ကြည့်ကြည့် ရုပ်လေးကိုက
"ချစ်...ချစ်တော့"
"ချစ်တယ်ဆို မလုပ်ခိုင်းနဲ့တော့လေဗျာ ကျနော့်ကိုချစ်တယ်ဆို နော် နော်လို့"
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...