"အမေ့ "
"ဟဲ့ နိုးပြီလား လာ...လာ မနက်စာလာစား"
အိမ်ရှေ့နားက သရက်ပင်အောက် ချခင်းထားတဲ့ စားပွဲပေါ် အမေက မနက်စာပြင်ဆင်နေရင်း အိမ်ပေါက်ဝက ဗြောင်ပုစိကို လှမ်းခေါ်သည်
အဘဆို ပြောရရင် အဖေပေါ့ အဖေကတော့ ရောက်နှင့်နေပြီ
"အမေရာ ပဲပြုတ်ဆီဆမ်းကြီး စားချင်စိတ်မရှိပါဗျာ မုန့်ဖိုးလေး ၅၀၀လောက်ပေးသနားပါလား အကြော်စားရအောင်"
"ဟေ့ကောင် ဗိုက်ထဲရောက်ချီးဖြစ်မဲ့ အရေး ဂျေးများနေ"
"ဟာဗျာ အဘကလည်း စောစောစီးစီး ချီးစကားပြောပြီ"
အဘက စားလက်စ ထမင်းကိုရပ်နားကာ သူ့အားတည်တည်ကြီး ကြည့်လာပြန်ပါသည်
အဘကလေ သိပ် ကပ်စေးနည်းတာပဲ သူ့မှာ ဒီလောက်ပေါကြွယ်ဝနေတာတောင် ကိုယ့်သားကိုယ် ကျွေးချင်ပေးချင်စိတ်မဖြစ်ဘူး
"ငါစဉ်းစားနေတာ "
"ဘာလဲ ဘာလဲ ၁၀၀၀ပေးမှာလား ၅၀၀ မဟုတ်ပဲ"
"အော် ပြောလေကဲလေ"
ဂေါက်
အမေကပါ ဝင်လာပြီး ခေါင်းကိုခေါက်လိုက်တာမို့ ဗြောင်ပုစိတို့ရာသီဥတု ပိုအုံ့မှိုင်းလာသည်
"အမေဗျာ သားကိုလုပ်တယ်"
"မင်းဟာလေ ပြောလေ ကဲလေ ရှိတာစားစမ်းပါ့ ဒီမယ် မင့်အဘတို့ အမေတို့တုန်းကဆို ထမင်းနဲ့ ဆားနဲ့စားပြီး စုခဲ့ဆောင်းခဲ့လို့ မင်းခုလို မပူမပင်မကြောင်းမကြ"
"ဟာဗျာ အခုပိုက်ဆံရှိနေပြီပဲ ဒီထပ်မှပိုပြီး ခြစ်ကုပ်စုနေကြဦးမလို့လား"
"မင့် အလုပ်ကျလုပ်ဖို့စိတ်မကူးဘူး ရွာရိုးကိုးပေါက်လျှောက်လှည့်ပြီး အားယားနေတယ်"
"အဘရာ ကျနော်လဲ လုပ်ဖို့စဉ်းစားနေတာရှိပါတယ်ဗျ"
"ဆိုစမ်းပါ့ဦး မင့်တတ်တာဘာရှိလို့လဲ"
"အထင်သေးပါ့ဗျာ ဒီမှာဘာလဲ"
အမြဲလိုလို ဂုတ်မှာသိုင်းကာ လွယ်ထားတဲ့ လွယ်အိတ်အသေးထဲက မနှစ်က အတင်းအကြပ် သတ်သေမလိုပင်လုပ်ကာ ပူဆာထားသော ဖုန်းလေးကို ကိုင်ကာလှုပ်ပြရင်း
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...