"အမေ ကျနော်က ညနေ နေစောင်းလောက်ကာမှ ပြန်ရောက်မှာဆိုတော့ အမေ့သမက် အပြင်ထွက်လည်ခိုင်းမနေနဲ့ဦးနော်"
"အေးပါတော် မလည်ခိုင်းဘူး စိတ်ချ ဟော ဗြောင်ပုစိလေးနိုးလာပြီ ဒါဆိုမင်းတို့မနက်စာစားကြတော့နော် ပြင်ခဲ့ပြီ အမေကဈေးသွားမလို့"
"ဟုတ် ကြီးကြီးပတ်"
ဟိုထောင်ဒီထောင် ဆံပင်ကေနဲ့ မျက်ခုံတို့ကို ပွတ်သက်ကာ မနက်စာဝိုင်းနားသို့ တရွေ့ရွေ့လျှောက်လာသည်။
"သူကြီး အင့်"
"......"
"သူကြီး ကြည့်လို့"
"အင် အင်း လုံးကစ်ကစ်လေး"
အမေ့ကို လှမ်းကြည့်ပြီး ခြံပြင်ရောက်လို့ အလှမ်းဝေးသွားတော့မှ စိတ်ချလက်ချဖြစ်ကာ ကလေးပေါက် မတရားပြနေသည့် မက်မွန်သီးလုံးကစ်ကစ်လေးကို ကြည့်ပြီးပြောလိုက်တော့
"ဟာဗျာ သူကြီး ဘာတွေပြောနေတာလဲ မြင်အောင်ကြည့်လေ ပြတာတခြား ကြည့်တာတခြား"
"ဟမ် ဘာ ဘာပြနေတာလဲ"
"မမြင်ဘူးလား ဘောင်းဘီဖင်ကွဲသွားပြီလို့ သေချာလဲမကြည့်ဘူး"
"......."
အော် ဖင်ကွဲရင်ကွဲတယ်ပြောလေ လူနားလာပြီး သူ့မက်မွန်သီးကော့ပြနေမှတော့ ဘာပြောချင်လဲ သိပါ့မလားလို့ ဒီကောင်စုတ်လေး
"အဲ့ဒါ အကောင်းစားလေး ဘာလေးဝယ်ပေးဦး ဒီမှာ သူကြီးယောက်ျားလုပ်ပြီး ကျနော့်လည်း ကာတွန်းဝမ်းဆက်နဲ့ပဲဖြစ်နေရော လူရိုသေရှင်ရိုသေ တောက်တောက်ပပလေးဆင်စမ်းပါ့"
ခွီးးးး တနေ့တနေ့ ရွာလှည့်ပြီး ကလေးပေါင်းစုံနဲ့ ကစားနေပြီးတော့များ ရိုသေကခံချင်သေး
"သူကြီး ကြားလားလို့"
"ကြားပါတယ်ကွာ ဝယ်ပေးပါ့မယ်။ မင်းဖင်လဲ မင်းစစ်ဆေးကြည့်ပါဦး"
"ဟမ် ဘာလို့"
"လွှများပါလားသလားလို့လေ တကတည်း ကွဲလိုက်တဲ့ဖင် ငါ့အမေလဲ တနေ့တနေ့ မင်းဖင်ကွဲဘောင်းဘီတွေပဲ လိုက်ချုပ်ပေးနေရတယ်"
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...