968 135 5
                                    

"အကိုဘတ်ဟျွန်း ညစ်တာ"

"ဟ ငါဘယ်မှာညစ်နေလို့လဲ"

"ဘယ်မှာ၃ချက်တုန်း အကိုဘတ်ဟျွန်း ၄ချက်မြောက်မှ ကျွင်းထဲဝင်တာကို"

"ဟ မင်းသေချာမမှတ်မိပဲနဲ့ ၃ချက်တည်းကွ"

"မဟုတ်ဘူး ၄ချက်"

"ဟုတ်တယ် ၄ချက်"

"၄ချက်"

တခြားကလေးတွေကပါ သူ့ကိုဝိုင်းငြင်းလာတော့ ဗြောင်ပုစိတို့ ခေါင်းကုတ်ရပြီ။

"မင်းတို့ လူစုဖွဲ့ပြီး ငါ့လာညစ်နေကြတာ"

"အမယ် အကိုဘတ်ဟျွန်းဗျ ညစ်နေတဲ့လူက"

"ဒီမှာ ငါ့ယောက်ျားက သူကြီးနော် ပြန်ပေး ငါ့ပိုက်ဆံ၅၀၀ မင်းတို့လို လူညစ်တွေနဲ့ ဆက်မဆော့ဘူး"

"အကိုဘတ်ဟျွန်း ရှုံးတာလေ ဘာလို့ပြန်ပေးရမှာလဲ"

"ပြန်ပေးနော် မပေးရင် ငါ့ယောက်ျားနဲ့တိုင်ပြီး ထိပ်တုံးခတ်ခိုင်းမှာ မင်းတို့ကို"

ကလေးတွေနဲ့ သူတပြန်ကိုယ်တပြန် အော်ဟစ် အငြင်းပွားနေရသော်လည်း ဘတ်ဟျွန်းကတော့ သူ့၅၀၀ပြန်မရမချင်း လုံးဝ လက်လျှော့မည်မဟုတ်။

*********************

ချန်းယောလ်တယောက် ဟိုဒီလှည့်လည်ရှာနေသည်မှာ ဦးလေးဗြောင်တို့အိမ်ပင် ရောက်ခဲ့သေးသည်။

ဦးလေးဗြောင်က သူ့ရဲ့ လက်ဆွဲတော် တုတ်ပင် ထည့်ပေးလိုက်သေးတာ။ အချိုးမပြေရင် ရိုက်သာရိုက်ဆိုခဲ့သော်ငြား သူရဲ့ချစ်ရပါသောလေးဆိုးဂျစ်ပုံက ချစ်ဖို့ကောင်းလွန်းနေတော့လည်း။

"ပြန်ပေးနော် မပေးရင် ငါ့ယောက်ျားနဲ့တိုင်ပြီး ထိပ်တုံးခတ်ခိုင်းမှာ မင်းတို့ကို"

ဟော ကြာရပါပြီ သူ့ရဲ့ ခွေးပေါက်လေးအသံ။ နေရာအနှံရှာပြီးတော့မှ တစ်ခုတည်းကျန်သော စာသင်ကျောင်းအနောက်ကို ရောက်လာမှသာ တွေ့ရတော့တာပင်။

"အကိုဘတ်ဟျွန်း ညစ်ပတ်ကြီး"

"ငါမညစ်ဘူး မင်းတို့မှ ညစ်တာ တိုင်မှာနော် ငါ့ယောက်ျားက သူကြီး"

အမယ် သူ့ကလေးပေါက်က သူ့ရာထူးကိုအသုံးချနေပြန်တာ

"ရားးး ဗြောင်ဘတ်ဟျွန်း အိမ်ပြန်မယ်"

ဒီမှာ သူကြီး!!!Where stories live. Discover now