"ကဲ ဒီနေ့က လူပျိုတွေပဲ သင်တန်းရွေးပေးတာကတော့ အဟမ်းးး ချစ်ရေးချစ်ရာ စကားဖွယ်ဖွယ် နည်းသွယ်သွယ်ကို သင်ပေးမှာပါဗျာ!!!"
"ယေးးးး"
ဖြောင်းးးဖြောင်းးးဖြောင်းးးးးနွားကျောင်းသွားလို့ လွတ်နေတဲ့ နွားထားတဲ့တဲထဲ ကောက်ရိုးတွေကို အခင်းလုပ်ထိုင်နေတဲ့ ယောက်ျားပျိုတစုရဲ့ ရှေ့တည့်တည့်မှာ ဗြောင်ပုစိတို့ ဟန်ပါပါ တုတ်ကလေးဝှေ့ကာယမ်းကာဖြင့် ပြောနေတော့ အားပေးအားမြှောက်လုပ်ကြပြန်သည်
"ပင်လယ်ကြီးက မကျယ်ဘူးလား ဓားပြကမတိုက်ဘူးလား နိုးနိုးနိုးးးး ဒီလိုရိုးဆွေးနေတဲ့ စကားတွေ ခုထက်ထိသုံးနေတုန်းပဲလား"
"မသုံးချင်တော့ပါဘူး "
"မသုံးတော့ပါဘူးဗျို့"
ဟိုတပေါက် ဒီတပေါက် အော်သံတွေကြား ဗြောင်ပုစိတို့ ပြုံးပြုံးကြီးသာ
"အလန်းစား ကဗျာလေးနဲ့ ချစ်ရေးဆိုတာလေးပြောပြမယ်ဗျာ လိုက်မှတ်ကြ လိုက်မှတ်ကြ"
အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်ကာ အိတ်ထောင်ထဲပါတဲ့ စာရွက်တိုစာရွက်စတွေနဲ့ စာတတ်သူကမှတ်မယ် မတတ်သူက အကြားနဲ့အလွတ်မှတ်ရန်ပြင်ဆင်ကြကုန်သည်
"ကောင်းကင်က ပြာတယ်
ပင်လယ်က ကျယ်တယ်
နေကြာက ဝါတယ်
သခွားသီးကို မုန်းလို့ ဂျစ်နဲ့ခြစ်မင်းကိုငါကချစ်"
"ဝိုးးးးးးး"
ဗြောင်ပုစိ ကဗျာရွတ်သံအဆုံး အကုန်ထ ဩဘာပေးကြပြန်သည်
"ဗြောင်ဘတ်ဟျွန်း ဗြောင်ဘတ်ဟျွန်း"
နောက်နား ခပ်ရောက်ရောက်သူက ထ,ကာ နာမည်အော်တာမို့
"ဘာများလဲဗျာ မေးဗျာ"
"ကျုပ်က သခွားသီးအစား မျှစ်ကိုမုန်းလို့ရလား"
"ဟားဟားးး ရပါ့ဗျာ ရပါ့ ကဲဒါဆို ရှေ့ဆက်မယ်နော်"
************************
*ဗြောင်ပုစိ တိုတိုထွာထွာ အင်းဂိတ်စာနဲ့ အခြားလူသုံးများသော အွန်လိုင်းစကားများ*
ဦးလေးဗြောင်တို့ အိမ်ရှေ့နား ကတ်ထူချပ်ပေါ်ရေးကာ ကပ်ထားသည်ကို ကြည့်ရင်း ဟက်ဟက်ပက်ပက် အော်ရယ်မိသေးသည်
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...