"သူကြီး ချဗျာ ချ ချ"
ရီဝေဝေဖြစ်နေတဲ့ သူကြီးက ဘတ်ဟျွန်းထည့်ပေးသမျှ တခွန်းမပြော ဒိုင်ခံသောက်လေသည်။
"အမြည်းလေးရော တွယ်ပါဦး သူကြီးရ။ ကျနော်ကိုယ်တိုင် ဖမ်းပြီး သေချာကင်ထားတာ။"
ဖားကင် ကားကားလေးကို သူကြီးလက်ထဲ ထည့်ပေးလိုက်ပြီး
"အသားလေးကို မွနေရောပဲ စားသူကြီး "
ဒီလိုဆိုတော့ သူကြီးက သူတိုက်တဲ့ အရက်ကို ကြည်ကြည်ဖြူဖြူသောက်တာမဟုတ်။ ဟိုရောဒီရော တိုက်ကာ ခပ်ထွေထွေဖြစ်ပြီဆိုမှ ပေါ်တင် ဆက်တိုက် တစ်ခွက်ပြီးတစ်ခွက် တိုက်နေခြင်း။
သူကြီးလား သူကြီးက ဘာစကားမှမပြောနိုင်တော့ အရင်ကခပ်ဝိုင်းဝိုင်း မျက်လုံးတို့တောင် အပ်ရာလေးလိုမှေးမှေးလေးရှိတော့ကာ ပါမို့မို့တို့ကလည်း ရဲတက်နေတော့သည်။
"အာ နေဦး"
မျက်လုံးတွေမှေးမှိတ်နေတဲ့ သူကြီးကို ထားခဲ့ကာ အခန်းထဲဝင်ပြီး ဆော့ပင်ပြေးယူရသေးသည်။
"သူကြီး ထ,ထတော့ ညခင်းရောက်တော့မှာ ပြန်တော့နော်"
"အမ် အင်"
လေးတွဲ့တွဲ့နဲ့ သူကြီးက ထကာ ယိုင်နဲ့နဲ့ လျှောက်ရင်း ခြံပြင်ကို ထွက်သွားတော့သည်။
"အိစ် အိမ်တော့ ပြန်ရောက်မှာပါနော်...ဟူးးးး သူများကို ထိုင်ထလုပ်ခိုင်းတာကိုလို့ ခိခ်ခိခ်"
********************
"အဘ ပြန်လာပြီလားဗျ စုံခဲ့ရဲ့လား"
မနက်စောစော ရေဘုံပိုင်မှာ မျက်နှာသစ်နေတုန်း ရောက်ချလာတဲ့ အဖေနဲ့အမေ
"ပြေပါ့ကွာ မင်းရော မွှေထားသေးလား ဟမ်"
တဘတ်နဲ့ မျက်နှာပေါ်ကရေကို သုတ်လိုက်ကာ
"အဘရာ သားကို စိတ်ချစမ်းပါ အမြဲမွှေနေရအောင် သားမငယ်တော့ပါဘူး။ အမေ မနက်စာ သား ရွာထိပ်က မုန့်ဟင်းခါးသွားဝယ်လိုက်မယ်နော်"
"အေးအေး ရော့ ၆၀၀ "
"၆၀၀ဆိုတော့ အကြော်ရော အမေရဲ့"
YOU ARE READING
ဒီမှာ သူကြီး!!!
Fanfictionဟိတ်....ကဲကဲသဲသဲအတွဲကို မြန်မာကရွာလေးကိုပို့လိုက်မယ် ဆိုရင်...