Unicode
မနက်5နာရီခွဲတွင် နှိုးစက်သံတတီတီဖြင့် ထယ်ယောင်းတစ်ယောက်အိပ်ချင်မူးတူးနှိုးထလာခဲ့သည်
"ဝါးးးးး အိပ်ချင်လိုက်တာ အားး အိပ်ချင်တယ် ငါ့မျက်လုံးလေးသိပ်~သနားဖို့ကောင်းတာပဲ ရှေ့က ညက်ခွံ(မျက်ခွံ)ကြီးက လာလာပိတ်နေတယ်"
အရမ်းကိုအိပ်ချင်နေတာကြောင့် စကားတွေပါမပီတော့
သူနည်းနည်းလောက်လေးမှေးလိုက်လို့ ဘာမှဖြစ်မသွားလောက်ပါဘူး ဆယ်မိနစ် ဆယ်မိနစ်လေးပဲမှေးမှာပါ
အလုပ်သွားရမယ်ဆိုတဲ့အသိကြောင့် ဖတ်ခနဲမျက်လုံးတွေပြူးကျယ်သွားသည်
နာရီကိုကြည့်လိုက်တော့ 6နာရီခွဲ!!"ဟာ!!! ရှီးဗား ဘယ်လိုလုပ်နာရီကအာ့လောက်တောင်မြန်သွားရတာလဲ ငါခဏလေးဆိုမှ ခဏလေးမှေးမိတာပါ
ဒုက္ခပဲ နောက်ကျတော့မယ်မဖြစ်ဘူး"အတင်းကုန်းရုန်းထတော့ စောင်ကခြေထောက်နဲ့ငြိနေတာကြောင့် မှောက်လျက်ကြီး အိပ်ယာပေါ်ပြုတ်ကျသေး
အော် ကင်ထယ်ယောင်းရယ် မင်းဆိုသည်မှာလဲ ဖြစ်လိုက်ရင်အမြဲသောက်တလွဲတွေပါလားသွားတိုက်ရေမိုးချိုးမျက်နှာသစ်တာနဲ့တင်ပဲ နာရီဝက်ကုန်သွားပြန်တယ် လက်ရှိအချိန်က၇နာရီ-
"ငါတစ်နာရီနဲ့ ဟိုကိုရောက်ပါ့မလား အားရှီ ပထမဆုံးနေ့မှ မင်းလုပ်နေလိုက် ကင်ထယ်ယောင်းရေ"
မှန်တောင်မကြည့်နိုင် မျက်နှာကို sunscreenသာ ဖတ် ဖတ် ဖတ် လုပ်လိုက်ရသည် (တော်ပါသေးရဲ့ ရုပ်ကနဂိုချောမို့) လွယ်အိတ်အမြန်လွယ် လှေကားတွေကိုဈာန်ကြွနေသလို နှစ်ထစ်သုံးထစ်ကျော်ဆင်းကာ ပြေးဆင်းလာတာကို အိုမားကတွေ့တော့
"ဟဲ့ ဟဲ့ အမယ်လေး ကင်ထယ်ယောင်းရေ မင်းကိုငါမွေးထားတာလူနော် ပုံစံကိုလဲကြည့်အုန်း ပြေးဆင်းလာတာများ တိရိစ္ဆာန်ရုံထဲကလွတ်လာတဲ့မျောက်လိုပဲ"
ကင်အာဂျီးမားတို့ကတော့ ဖဲ့နေပြန်ပြီ
တစ်ရပ်ကွက်လုံးမှာ ဘယ်သူမှသူ့ကိုမဖဲ့ကြ တွေ့တိုင်း ဟယ် သားလေးကအချောလေးနော် ဘာညာနဲ့ သူ့ရဲ့မာတာမိခင်ကတော့ ရသမျှအခွင့်အရေးအကုန်သုံးပြီးဖဲ့လိုက်တာဆိုတာ ရက်ရက်စက်စက်ပဲ
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်