Part 3//

10.5K 997 82
                                    

Unicode
"ကင်ထယ်ယောင်းရှီ ထိုင်ပါဗျ"

"ဟုတ်ကဲ့"

သူဌေးကတော့အပေါက်နည်းနည်းဆိုးမယ့်ပုံဆိုပေမယ့်သူ့မန်နေဂျာကတော့စကားပြောရတာပြေပြေလည်လည်ရှိမယ့်ပုံပါပဲ

"ရုံးချိန်ကတော့ မနက်ရှစ်နာရီကနေ ညနေလေးနာရီထိပါ ဒါပေမယ့် ကင်ထယ်ယောင်းရှီက သူဌေးရဲ့ secretaryဖြစ်တဲ့အတွက်သူဌေးမရောက်ခင် အရောက်လာပေးပါ"

*ဟင် ငါကရှစ်နာရီတောင်စောတယ်ထင်နေတာကို ဒီထက်စောပြီးလာရမယ်??*

"အာ ဟိုရုံးချိန်အမှီရောက်ရင်တော့ဖြစ်ပါတယ် အရမ်းကြီးစောစရာမလိုပါဘူး သူဌေးကရှစ်နာရီအတိမှလာလေ့ရှိတာပါ"

*သူက ကိုတိကျကြီးလေ*

"ဟုတ်ကဲ့ ကျွန်တော်စောစောလာနိုင်အောင်ကြိုးစားပါ့မယ်"

"အော်ပြီးတော့ ကျွန်တော်သူဌေးရဲ့မနက်စာစားပုံ နေ့လည်စာစားပုံပြီးတော့အချိုပွဲ နောက်ပြီးတော့......"

"ခ-ခဏ နေပါအုန်း ဟိုကျွန်တော်ကစားဖိုဆောင်တာဝန်ယူရမယ့်သူတော့မဟုတ်ပါဘူးနော်"

*လူကိုအစားအသောက်တွေချည်းလာပြောနေတာ ငါ့များစာဖိုဆောင်မှာလုပ်မယ်ထင်နေလား*

"ကင်ထယ်ယောင်းရှီ တစ်မျိုးထင်သွားတာထင်တယ် မဟုတ်ဘူးဗျ ကင်ထယ်ယောင်းရှီက သူဌေးရဲ့ mealတွေရော အလုပ်တွေပါစီစဉ်ပေးရမှာဆိုတော့ အဆူမခံစေချင်လို့ပါ"

*အော် ဒီလိုလား*
မန်နေဂျာချွဲက ဟိုကြည့်ဒီကြည့်တွေလုပ်ကာ သူ့အားအနားတိုးရန်ပြောသည်

*ဟင် ဘာတုန်းဒီလူ*
သူလဲ အနားကိုတိုးလိုက်ကာနားကိုခပ်စွင့်စွင့်ထားလိုက်တော့

"သူဌေးက နည်းနည်းဇီဇာကြောင်တာမို့လို့ ကင်ထယ်ယောင်းရှီကသည်းခံပေးပါ"

လေသံတိုးတိုးနဲ့ ဘယ်သူမှမကြားအောင်သူ့အားသတိပေးနေသည့် မန်နေဂျာချွဲကြောင့် သူ့မှာကျေးဇူးပဲတင်ရမလိုလို ထပဲရီရမလိုလိုနဲ့

"ဟုတ်~ကဲ့~ပါ"

"ကဲ ဒါဆိုလိုက်မှတ်နော်"

"ဟုတ်ကဲ့ပြောပါ"

မန်နေဂျာချွဲကသူ့အား ပြောပြတော့မည်ဖြစ်တာကြောင့် မျက်လုံးတောင်အနည်းငယ် ကျယ်သွားကာ အာရုံစိုက်ထားလိုက်သည် ပြောပါပေါ့

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now