Unicode
ဂျောင်ဂုနဲ့ထယ်ယောင်းကုမ္ပဏီပြန်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင်ချွဲရှင်ဘုံးသည်လည်းသူဌေးကိုလက်မှတ်ထိုးခိုင်းရန်ဝင်လာသော်အခါဂျောင်ဂုရဲ့ပခုံးပေါ်ကရေကွက်ကြီးအားမြင်လိုက်ရသည်
“သူဌေး ပခုံးကဘာဖြစ်တာလဲ ရေတွေလား”
သူ့ညီပြောမှ ဂျောင်ဂုလဲသတိရသွားဟန်ဖြင့် တစ်သျုးကိုခပ်တည်တည်ပဲဆွဲထုတ်လိုက်ပြီး
“အေး ရေနည်းနည်းစိုလာတာ ဆိုဒ်ထဲမှာ”
“အော် မသိပါဘူး ကျွန်တော်ကသူဌေးရဲ့ပခုံးတစ်ဝိုက်ကိုပဲမိုးရွာချလိုက်တယ်ထင်တာ”
ဟာ ဘယ်လိုတောင်ပေါတောတောစကားတွေပြောနေတဲ့ ကောင်စားပါလိမ့် လုပ်နေတာကမန်နေဂျာ တစ်ခါမှကျပ်ပြည့်တယ်ကိုမရှိဘူး
“ကဲ ပေးပေး လက်မှတ်ထိုးစရာတွေမလား”
“ဟုတ်ကဲ့ ဒီမှာပါ”
ဂျောင်ဂုလက်မှတ်ထိုးတာကို စောင့်နေစဉ်ဂနာမငြိမ်တဲ့သူ့မျက်လုံးတွေက အတွင်းရေးမှုးကင်ထိုင်နေတဲ့နေရာဆီအရောက် မြင်လိုက်ရတာကမျက်လုံးတွေအစ်နေပြီး မျက်နှာကခပ်ဖောင်းဖောင်းဖြစ်နေတဲ့ပုံစံ
“အတွင်းရေးမှုးကင်”
“ခင်ဗျာ…”
ထယ်ယောင်းတစ်ယောက်အလန့်တကြားဖြင့်မန်နေဂျာချွဲအားကြည့်မိသည် သူ့ကိုလဲမန်နေဂျာကတစ်ခုခုကိုထုတ်ပြောတော့မယ့်ပုံစံပေါက်နေတာကြောင့်
*ဘုရား ဘုရား သူတော့သိနေပြီထင်တယ်*
ကိုကို့ ကိုကြည့်မိတော့လဲဘာများပြောမှာပါလိမ့်ဆိုပြီးစောင့်နေတဲ့ပုံ
သိသွားတော့မှာလား အခုမှစတွဲယုံပဲရှိသေးတာလေ သူတို့နှစ်ယောက်ကတစ်ခါမှရည်းစားမထားဖူးတော့ဟန်ဆောင်တာပဲညံ့နေခဲ့တာလား လူကြီးတွေသိခဲ့ရင်ရော…
ကယောင်ခြောက်ချားဖြင့် တံတွေးတောင်မျိုချမိနေတယ်“မဟုတ်မှလွဲရော…….ဟိုဟာ”
မျက်လုံးတွေကိုမှေးစင်းထားပြီးတရားခံစစ်သလိုလုပ်နေတဲ့ချွဲရှင်ဘုံးကြောင့် သူ့ဘေဘီကနေရခက်နေပြီ မထူးဘူးကွာဆိုပြီးဂျောင်ဂုဖွင့်ပြောမယ်လုပ်တော့
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်