Part14//

7.9K 715 23
                                    

Unicode

"ဂျွန်ဂျောင်ဂုရှီ??"

သူ့နာမည်ခေါ်သံကြားလို့မော့ကြည့်လိုက်တော့ ပေါက်ပေါက်ဘူးကြီးကိုင်ထားတဲ့ မင်ယွန်းဂီ ဘေးမှာလဲ ကောင်လေးတစ်ယောက်ကိုလက်ဆွဲထားသေး
ကောင်လေးကငယ်သေးမယ့်ပုံပဲ ဘောင်းဘီဒူး‌ေလာက်လေးနဲ့အပေါ်ကအင်္ကျီအမည်းရောင်ခပ်ပွပွလက်ရှည်ကိုဝတ်ထားတယ် bucket hatစောင်းထားတော့မျက်လုံးတွေကိုအုပ်နေပြီး သူ့မျက်နှာကိုသေချာမမြင်ရ

စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက်က ပိတ်ရက်မဟုတ်တဲ့ဒီလိုနေ့ကြီးမှာရုပ်ရှင်ရုံရောက်နေတယ်ဆိုတာက သူများသိရင်တကယ်ရှက်စရာဖြစ်မှာ
တော်သေးတာပေါ့ အချင်းချင်းတွေ့လို့သာ
နှစ်ယောက်က အို့တို့အန်းတန်းတော့ဖြစ်သွားပေမယ့် ဂျောင်ဂုဘက်ကစကားစလိုက်သည်

"မင်ယွန်းဂီရှီ..တူလေးကိုရုပ်ရှင်လိုက်ပြတာထင်တယ်"

"ဘာရယ်!!"

ရုတ်တရက်မို့ ဂျောင်ဂုတောင်လန့်သွားတယ်
အရှေ့ကအကောင်သေးသေးက သူ့ဘေဘီလိုပဲအသံကတော့အောင်တယ်

"တူလေးကချစ်စရာလေးပဲနော်"

ဘုမသိဘမသိနဲ့ ဂျောင်ဂုကတူလေးဆိုပြီးနောက်တစ်ခေါက်စကားကြောထပ်ရှည်ပြန်သည်
သူ့စကားကိုကြားတော့ ရှေ့ကတူလေးက bucket hatရဲ့အနားကိုအပေါ်သို့လန်တင်လိုက်ပြီး မျက်လုံးမှေးမှေးလေးနဲ့သူ့ကိုရန်ထောင်တော့သည်

"ဒါကျွန်တော့်ချစ်သူဗျ!"

"ဘယ်လို"

အာ့တော့မှငြိမ်နေတဲ့မင်ယွန်းဂီကလဲစကားဝင်ထောက်တော့သည်

"ဟုတ်တယ်ဗျ ဒါကျွန်တော့်ကောင်လေးပါ"

"အာ အာ့လိုလား ဆောရီးပါဗျာ ကျွန်တော်မသိလိုက်လို့"

"ရပါတယ် ဒါနဲ့ဝက်ဝံလေးရော"

ဗေဒင်ဆရာလိုလိုအကြားအမြင်ရနေတဲ့ မင်ယွန်းဂီကမျက်လုံးတွေကိုဝေ့ဝဲရှာနေရင်းမေးခွန်းထုတ်တယ်

"ဘယ်လိုသိတာလဲသူနဲ့မှန်း"

"အဟား ကျွန်တော်ကမသိလောက်အောင်ငတုံးပုံပေါက်နေလို့လားဗျာ"

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now