Unicode
တီ တီ~~
ထယ်ယောင်းသူ့အိုမားကို သူငယ်ငယ်ကဘယ်လိုစော်ကြည်ကြောင်း the whole kingကိုဘယ်လိုရခဲ့ကြောင်းတွေကို ရေဖတ်မဝင်ပြောပြနေတုန်း ကားဟွန်းတီးသံကြားတော့
"အိုမား သူဌေးလာပြီထင်တယ်"
"အေးအေး အိမ်ထဲလေးဘာလေးခေါ်လိုက်အုန်း ဧည့်ခံရအောင်လေ"
"ဟုတ်"
ထယ်ယောင်း ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးထွက်သွားတာကို သူ့အိုမားကမြင်တော့
"အမယ်လေး ငါ့သားအာ့လောက်ဖင်ပေါ့မှန်းခုမှသိတယ်တော်"
"ရှင်မ ဘယ်သူတုန်းကွ"
"အော် Mr.Jeonရဲ့သားလေ ရှင့်သားရဲ့သူဌေး"
" ဟေ ဟုတ်လား အာ့ကလေးကဒီကိုဘာလာလုပ်တာလဲ"
"သူတို့အလုပ်ကိစ္စပေါ်လို့ဆိုလားပဲ ရှင့်သားကိုလာခေါ်တာတဲ့"
Mr.Kim ရဲ့ခေါင်းပေါ်တွင် question markများတန်းစီသွားရသည်
နေပါအုန်း ငါကြားမိသလောက်ကတော့ ဒီကလေးကဒီလိုမျိုးသူ့ဝန်ထမ်းကိုအကြိုအပို့လုပ်ပေးမယ့် ကလေးဖြစ်ဟန်မတူပါဘူး ငါကြားတာတွေကပဲမှားနေတာလား??ထယ်ယောင်းခြံတံခါးကိုအပြေးလေးဖွင့်ပြီး သူဌေးရဲ့ကားနားကိုသွားလိုက်တော့ ကားမှန်ကိုချပြီးသူ့ကိုကြည့်နေတယ်
"ဟို သူဌေး အိမ်ထဲဝင်ပါအုန်းလားဟင် အအေးလေးဘာလေးဝင်သောက်သွားပါလား ရာသီဥတုကလဲပူ..."
သူက ပေါက်ပေါက်ဖောက်နေသလောက် သူဌေးကတစ်ခွန်းမှပြန်မပြောတာကြောင့် စိတ်မရှည်တော့တာများလားဟုထယ်ယောင်းတစ်ယောက်ကောက်ချက်ချကာ
"ဟို အာ့ဆိုလဲ ကျွန်တော်လွယ်အိတ်သွားယူ.."
"ဖယ်ပေးအုန်းလေ"
"ဗျာ??"
"မင်းက ကိုယ့်ကားရှေ့မှာပိတ်ရပ်နေတာဘယ်လို၀င်ရမှာလဲ"
"အော် အော်"
အာ့တော့မှထယ်ယောင်းလဲအယောင်ယောင်အမှားမှားဖြင့် ဘေးဖယ်ပေးလိုက်တော့ သူ့အိမ်သူ့ရာလိုပဲဝင်သွားတဲ့သူဌေး
YOU ARE READING
MY BABY SECRETARY 🍪🍦[COMPLETED]
Fanfictionငါ့ဘဝထဲကို ဗရုတ်သုတ်ခနဲ့ရောက်ချလာပြီး ငါပါဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီ မင်းလုပ်တာကောင်းသေးရဲ့လား အကောင်ပေါက်ရဲ့ ဟမ်